သစ်သီးများဖြင့် Bio nutrient ပြုလုပ်ပုံ ကို အတိုချုပ် ရေးသားတင်ပြပေးပါမည်။
1.ရွှေဖရုံသီး ( Gibberellin,Auxin,Cytokinis တို့ ပါဝင်…
2.သင်္ဘောသီး
3.ဌက်ပျောသီး
ဖေါ်ပြပါ အသီး သုံးမျိုးကို တမျိုးလျင် တစ်ပိသာ စီ ။မုန့်လုပ် ထန်းလျက် ကို (3:1) အချိး အတိုင်း တစ်ပိသာ။သင့်တော်သော ရေ ပမာဏ ဖြင့် ကျိုချက် အအေးခံပါ။ ရေ များစွာ ဖြင့် မကျိုချက်ရပါ။ရေအနည်းဆုံး ပမာဏ ဖြင့်သာ ကျိုချက်ပါ။
အသီးများအား လုံဝ ရေမဆေးရပါ။ဓါးဖြင့် အသေးဆုံး အရွယ်အစား ရသည်အထိ စဉ်းပါ။
စဥ့်အိုး သို့ ပုံးသန့်သန့် တွင် စဉ်းထားသော အသီးများ ကျိုချက်ထားသော ထန်းလျက် ( သကာရည် ) တို့ကို ထည့်၍ ကပ်ထူ စက္ကူ ဖုံးအုပ်ပြီး အရိပ်အောက်တွင် ထားပါ။ ၃ ပတ် ( ရက် ၂၀ ကျော် ) လျင် အသုံးပြု ၍ ရနိုင်ပြီ ဖြစ်သော Bio Nutrient ကို ရရှိပြီ ဖြစ်ပါသည်။
Bio Nutrient ကို ၄င်း အရည်တစ်ဆ ရေဆယ်ဆ ရော၍ အပင်များကို လောင်းပေး ခြင်း ဖြန်းပေးခြင်းများ ပြုလုပ်နိုင်ပါသည်။သဘာဝ မြေသြဇာများ တွင်ထည့်သွင်း အသုံးပြု ခြင်းများဖြင့် များစွာသော အကျိုးကျေးဇူး များကို ရရှိစေပါသည်။
Bio Nutrient တို့ကို Soil conditioner အဖြစ်လဲ အသုံးပြုနိုင် ပါသည်။
စဉ်ဆက် မပြတ် စိုက်ပျိုးခြင်းကြောင့် ဖြစ်ပေါ်သော Soil sickness ကို လျော့ပါး သက်သာစေပါသည်။
ဦတင်မိုးနိုင် (Oo Yin Taw, Pools & Garden Landscaping Group).
Fri, 3-10-2014.
No comments:
Post a Comment