Friday, September 5, 2014

Bio Fertilizer ( 2 )

ယခုရေးသား မည့် Bio fertilizer ပြုလုပ်နည်းသည် ဂျပန်နိုင်ငံမှ ပညာရှင်တို့ ဖေါ်ထုတ် သုံးစွဲ ဖြန့်ဝေသော နည်းဖြစ်ပါသည်။
  ဒိုချက်ကင်း မြေသြဇာ  ဟုခေါ်ပါသည်။
EM နှင့် IM .
EM ကို အထူးဂရုပြု မွေးမြူခဲ့ကြသည်။သဘာဝ မြေသြဇာများတွင် ထည့်သွင်း၍ ၄င်းတို့ ကွန်းခိုရာ အဖြစ် ဖန်းတီး အသုံးပြုခဲ့ကြ သည်။လယ်ယာမြေမှ စ၍ စိုက်ပျိုးရေး နယ်ပယ်တခုလုံးတတ် သိသလောက် အသုံးပြုခဲ့ကြသည်။သို့သော်လည်း သဘာဝအလျောက် နေရာမရွေး တည်ရှိနေသော IM များကို မလွမ်းမိုးနိုင်ကြောင်း တွေရှိလာသည်။
ဂျပန်မှ EM ကို မြန်မာပြည်သို့ ယူလာ၍ အသုံးပြုသောအခါ ခဏတာသာ အစွမ်းပြ၍ ရေရည်တွင် ဒေသခံ IM များ၏ လွှမ်းမိုးမှု့ ကို ခံရသည်။ထိုဖြစ်စဉ် အရ ဒေသခံ Microbe များမှ အပင်တို့အား အကျိုးပြုရန် အတွက် ဒေသခံ Microbe များနှင့်သာ ပြုလုပ်ရန် တွေှ့ရှိ လာကြသည်။ဂျပန် ပညာရှင်တို့၏ အဆိုအရ ဝါးတောမြေ မှ Microbe များ သည် အကောင်းဆုံး ဖြစ်သည်။
Microbe များ စတင်မွေးမြူခြင်း
ဝါးရုံအောက်မှ အပေါ်ယံ မြေသား ( Top soil )လေးထောင့် သံပုံး တပုံးယူပါ။ဖွဲနု နှင့် ဆတူရောပါ။ကျိုချက်၍ အအေးခံထားသော မုန့်လုပ် ထန်းလျက် ၂၅ ကျပ်သားဖြင့် ဆွတ်ဖြန်းရောနယ်ပါ။ထန်းလျက်ရည် ထည့်သွင်းမှု့ သည် မစို မခြောက် ဖြစ်နေပါ စေ။လက်ဖြင့်ဆုပ်ပါက ရေတစက်ခြင်းမကျရ။အဝတ်ကို ရေညှစ်ထား သကဲ့သို့ ဖြစ်ရမည်။အရိပ်ကောင်းစွာ ရသောနေရာတွင် တောင်မို့ ပုံသဏ္ဍန်ပြုလုပ်၍ အပေါ်မှ ကောက်ရိုးပါးပါး ဖုံးပါ။ပလပ်စတစ် ဖြင့် ထပ်မံ ဖုံးအုပ်ပါ။အပုံအား မဖိရ  မရိုက်ရ။ကျစ်လစ် သိပ်သည်း အောင် မလုပ်ရပါ။သုံးရက်ပြည့် လျင် မှိုမျှင်ကဲ့သို့သော Microbe များစတင် မြင်တွေ့ရမည်။ငါးရက် သို့ ခြောက်ရက်ပြည့် သောအခါ ပြီးပြည့်စုံသော Microbe များကိုရရှိ ပီဖြစ်ပါသည်။


Bio Fertilizer ပြုလုပ်ပုံ
လိုအပ်သော ပစ္စည်းများ

၁။နွားချေး လှည်းတစီး
၂။စပါးခွံ လှည်းတစီး
၃။ပေါင်းမြက် အစိုများ
၎။ဖွဲပြာ
၅။သစ်ရွက်စိမ်း /ခြောက်များ နှင့် အခြား မိမိနှစ်သက်ရာ မည်သည့် သဘာဝ ပစ္စည်း မဆို ထည့်သွင်း အသုံးပြုနိုင်ပါသည်။
         ဖေါ်ပြပါ ပစ္စည်းများအား အရိပ်အောက်တွင်  လေးလက်မ တလွှာပုံ ထန်းလျက်ရည် ပါးပါးဖြန်း ပြီးလျင် Microbe မွေးထားသော ဝါးရုံအောက်မှ မြေကို လက်ခုပ် နှစ်ခုပ်ခန့် ပါးပါးဖြန့်ပါ။ထိုကဲ့သို့ အလွှာပုံ ထန်းလျက်ရည်ဖြန်း ပိုးမွေးထားသောမြေ ဖြန့်  ဖြင့် အလွှာလိုက် ရင်ဆို့ အမြင့် ငါးပေ ခြောက်ပေခန့် ရောက်သော အခါ တာပေါ်လင် သို့ ပလပ်စတစ် ဖြင့် ဖုံးအုပ်ထားပါ။သုးံ  လေးရက် ကြာသော် အပုံတွင်း လက်ဖြင့်စမ်းကြည့်ပါက အလွန်ပူနေသည်ကို တွေ့ရမည်။ပလပ်စတစ်ကို ဖယ်၍ အပုံအားဖြည်ချပါ။ အပူချိန်လျော့ကျလာမည်။ခြောက်သွေ့၍ ရေလိုအပ်လျင် ပြင်ပမှ ရေကို ဖြည့်စွက်ပေးပါ။ပြန်လည်စုပုံ၍ ဖုံအုပ်ထားပါ။ သုံး လေးရက် နေလျင်ထပ်မံ စမ်းကြည့်ပါ အလွန်ပူနေလျင် ဖြည်ချပါ။ပြန်လည်စုပုံပါ။ထိုကဲ့သို့ ဖြည်ချခြင်ြး ပန်လည်စုပုံခြင်း တို့ကို အပူချိန် လျော့ကျပီး ထည့်သွင်းထားသော ပစ္စည်းများ ဆွေးမြေ့သွား သောအခါ အသုံးပြု၍ ရရှိပီဖြစ်သော Bio Fertilizer ဖြစ်ပါသည်။
                     ဦးတင်မိုးနိုင် (Pools & Garden Landscaping Group).
                  5.9.2014 (Fri)
                   3:15





































No comments:

Post a Comment