Root Hormone ( or ) Acids .
အမြစ်ထွက် စေသော ဟော်မုန်းများ။
၁။Salicylic acid (protect infection)
၂။Indolebutric acid (IBA)
၃။Indoleacetic acid (IAA)
၎။Napthalacetic acid (NAA)
** Auxins ( လွယ်ကူစွာ အမြစ်ထွက်စေရန် ကူညီ )
*လက်ရှိဈေးကွက်တွင် ဖြန့်ဖြူး ရောင်ချနေသော B1, root stimulants, plant tonic , စသည်တို့တွင် phosphorous နှင့် အခြား ဓါတ်မြေသြဇာ များ ပါဝင်နေတတ်သည်။ထို ဆေးများကို အသုံးပြုဖြန် များလာသောအခါ မလိုလား အပ်သော ဆိုးကျိုးများ ဖြစ်ပေါ်တတ်ပါသည်။ ယခု ရေးသားမည့် Organic root stimulator ( ROS )သည် မိမိကိုယ်တိုင် ပြုလုပ်သုံးစွဲ နိုင်သည့် လွယ်ကူသော နည်းလမ်း ဖြစ်ပါသည်။
Weeping Willow Tree ( မိုးမခပင် )
* နေရာဒေသ မရွေး ပေါက်ရောက်ရှင်သန် နိုင်သော အပင်ဖြစ်ပါသည်။ ၄င်း မိုးမခပင် မှ ကိုင်းကို ဖြတ်ယူ၍ စွတ်စိုနေသော မြေတွငိထိုးထားပါက ရက်အနည်းငယ် အတွင်းအမြစ် ထွက်လာသည်ကို တွေ့ရပါမည်။ မိုးမခပင် (Willow tree) တွင်ပါဝင်သော……
1.Salicylic acid သည် ဖြတ်တောက်ခံရ
သော ဒဏ်ရာ (အမြစ်)ကို သက်သာစေ
သည်။
2.Indolebutric acid ( IBA )သည် အမြစ်
လျင်မြန်စွာ ထွက်လာစေရန် လှုံ့ဆော်ပေး
သည်။
3.Auxins သည် လွယ်ကူစွာ အမြစ်ထွက်
လာစေရန် ကူညီပေးပါသည်။
*****Auxins သည် မြက်များကို သေစေသည်။
ပြုလုပ်ပုံ
တနှစ်သား အထက်ရှိ ကျမ်းမာသန်စွမ်း
သော မိုးမခပင် ( Willow )မှ ကိုင်းကိုဖြတ်ယူ
ပါ။အပင်၏ မည်သည့် အစိတ်အပိုင်းမှ မဆို ဖြတ်ယူနိုင်ပါသည်။ဖြတ်ယူထားသော ကိုင်း အရွက် များကို ကတ်ကြေး သို့ ဓါးဖြင့်စဉ်းပါ။ ရေတဂါလံ လျင် စဉ်းထာသော မိုးမခ တစ်ကီလို မှ နှစ်ကီလို ထိထည့်၍ ပုံးတခုတွင် ထည့်၍ စိမ်ထားပါ။ ၂၄ နာရီမှ ၄၈ နာရီထိ စိမ်ထားနိုင်ပါသည်။ ထို့ထက်ပို၍
အချိန်ကြာကြာ မစိမ်သင့်ပါ။အရွက်နှင့် အခေါက်များ ပုတ်၍ ပျက်စီးတတ်ပါသည်။
***** ထိုရေထဲသို့ Auxins နှင့် IBA , Salicylic acid တို့ ပျော်ဝင်သွားပါမည်။ ပိတ်စိမ်းပါး သို့ ဇကာ ဖြင့် ရေကိုစစ်ယူပါ။
***** ထိုရေသည် ကျနော်တို့ ပြုလုပ်လိုက်သော Organic root stimulator ( ROS ) ဖြစ်ပါသည်။ရေနွေး ဖြင့်လည်း ပြုလုပ်နိုင်ပါသည်။
၎င်း ROS ကို ကိုင်းဖြတ်ယူ မျိုးပွာမည့် ကိုင်းများ ကို ခြောက်နာရီ မှ ရှစ်နာရီထိ စိမ်၍ စိုက်ပျိုးပါက လျင်မြန်စွာ အမြစ်ထွက်စေသည်။အထူးသဖြင့် ရွှေ့ပြောင်းစိုက်သော အပင်ကြီး ငယ်တို့အား ROSိကို တပတ်မှ ဆယ်ရက်ခန့် လောင်းပေး နိုင်ပါသည်။အပင်အရွယ် အစားကိုလိုက်၍ ချင့်ချိန်လောင်း ပေးရပါမည်။
ထားသို သိမ်းဆည်းခြင်း
ချက်ချင်း အသုံးပြုရန် မရှိပါက သန့်ရှင်းသော ဗူး ပုလင်း ခွက် စသည်တို့တွင် ထည့်၍ ရေခဲ သေတ္တာ အတွင်း၌ သိမ်းထားနိုင် ပါသည်။ လိုအပ်သော အခါ ထုပ်ယူ သုံးစွဲနိုင်ပါသည်။
ဦးတင်မိုးနိုင် ( Pools & Garden Landscaping Group.)
8.9.2014.
Mon.1:30.
No comments:
Post a Comment