Monday, September 29, 2014

Bio Nutrients (1)

        ယခု ရေးသားမည့်  Bio nutrients ပြုလုပ်နည်းများသည်  မိမိအိမ်တွင် လွယ်ကူစွာ ပြုလုပ်နိုင်ပြီး အလွန်အကျိုးများ စေသော ငွေကုန် ကြေးကျ သက်သာ စေသော နည်းလမ်းများ ဖြစ်ပါသည်။

A ; သန့်ရှင်းစွာ ဆေးထားသော စဥ့်အိုး  သို့
   ပုံးထဲသို့ …………
1.ဆန်ဆေးရည်
2.နွားနို့ ငါးဆယ်သား
3.ရေ တစ်လီတာ ဖြင့် ကျိုချက်၍ အအေးခံ ထားသော မုန့်လုပ် ထန်းလျက် နှစ်ဆယ့်ငါး ကျပ်သား  
  တို့ကို ထည့်ပါ။အပေါ်မှ ကပ်ထူစက္ကူ ဖုံးအုပ်ပြီး လွင့်ကျမသွား စေရန် သစ်သား  သို့ တခုခု ဖြင့် ထပ်မံဖိထားပါ။
     အထက်ဖေါ်ပြပါ ပစ္စည်း များ ထည့်ထားသော အိုးကို အရိပ်အောက်တွင် ၁၅ ရက်ခန့် ထားပြီသော အခါ Latic acid bacteria ပါဝင်သော ဆေးကို ရရှိပြီ ဖြစ်ပါသည်။ ထိုဆေးကို ရေတဂါလံ လျင်
40cc မှ 80cc ထည့်၍ အပင်ကို အရွက် အဖျားပိုင်း မှ စ၍ အမြစ် Root zone ထိ ဖြန်းပေးပါ။ အစာချက်အား အလွန်ကောင်းစေ ပါသည်။

B;ဝါးရုံအောက်မှ
 1. Top soil တစ်ပိသာ
 2.ဖွဲနု တစ်ပိသာ
 3.ရေတစ်လီတာ ဖြင့် ကျိုချက်၍ အအေးခံထားသော မုန့်လုပ် ထန်းလျက် နှစ်ဆယ့်ငါး ကျပ်သား တို့ကို နှံ့စပ်စွာ ရောပါ။
သစ်သားပြား ပေါ်တွင် တင်၍ ပလပ်စတစ် ဖုံးအုပ်ပြီး အရိပ်အောက်တွင် တပတ်ခန့်ထားပါ။အဖြူရောင် မှိုမျင်များ ပြည့်သွားပါလိမ့်မည်။၎င်းကို ရေစိမ်၍ အပင်များအား ဖြန်းပေး နိုင်ပါသည်။ကျန်နေသော အဖတ်များကို အပင်ခြေတွင် အုပ်ပေးနိုင်ပါသည်။

C;သစ်ပင်ကြီးများ အောက်ရှိ သစ်ရွက်ဆွေးပုံ
   အောက်တွင်……
1.ဆန် နို့ဆီ တဗူးအား ခပ်ပြစ်ပြစ်ချက် ခွက်တခုတွင် ထည့်ပြီ အပေါ်မှ သတင်းစာ စက္ကူ ပလပ်စတစ်တို့ ဖုံးအုပ်၍ တပတ်ခန့် ထားပါ။
2.၄င်း ထမင်းနှင့် ဆတူ မုန့်လုပ်ထန်းလျက် ကျိုချက်၍ အအေးခံထားသော ရေကို ပုံးတခုတွင် ထည့်၍ မွေပေးပါ။
ခုနှစ်ရက် ကြာသော အခါ အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

Bio Nutrient.
   
     အထက်တွင် ဖေါ်ပြခဲ့သော A; B; C; တို့အား စဥ့်အိုး  သို့  ပုံး အတွင်သို့ စုပေါင်း၍ ထည့်ပြီး ဖုံးအုပ်ထားပါ။ သုံးရက် လွန်သော အခါ ပြီးပြည့်စုံသော Bio Nutrient ကို ရရှိပြီဖြစ်ပါသည်။
  Bio nutrient ကို မိမိတို့ လိုအပ်သလို မြေဆွေးပြုလုပ်ရာ တွင် ထည့်သွင်း အသုံးပြု ခြင်း  ရေဖြင့် သင့်တော်သလို ရောစပ်ဖြန်းပေး ခြင်း နှင့် အပင်အတွက် လိုအပ်သော အခြား ကိစ္စ များတွင်လည်း စဉ်းစား၍ အသုံးပြုခြင်းဖြင့် အကျိုးကျေးဇူး များစွာ ရရှိနိုင်ပါသည်။

             ဦးတင်မိုးနိုင် ( Oo Yin Taw )Pools & Garden Landscaping Group.
           Tue; (30-9-2004).
         


















































No comments:

Post a Comment