သစ်သီးများဖြင့် Bio nutrient ပြုလုပ်ပုံ ကို အတိုချုပ် ရေးသားတင်ပြပေးပါမည်။
1.ရွှေဖရုံသီး ( Gibberellin,Auxin,Cytokinis တို့ ပါဝင်…
2.သင်္ဘောသီး
3.ဌက်ပျောသီး
ဖေါ်ပြပါ အသီး သုံးမျိုးကို တမျိုးလျင် တစ်ပိသာ စီ ။မုန့်လုပ် ထန်းလျက် ကို (3:1) အချိး အတိုင်း တစ်ပိသာ။သင့်တော်သော ရေ ပမာဏ ဖြင့် ကျိုချက် အအေးခံပါ။ ရေ များစွာ ဖြင့် မကျိုချက်ရပါ။ရေအနည်းဆုံး ပမာဏ ဖြင့်သာ ကျိုချက်ပါ။
အသီးများအား လုံဝ ရေမဆေးရပါ။ဓါးဖြင့် အသေးဆုံး အရွယ်အစား ရသည်အထိ စဉ်းပါ။
စဥ့်အိုး သို့ ပုံးသန့်သန့် တွင် စဉ်းထားသော အသီးများ ကျိုချက်ထားသော ထန်းလျက် ( သကာရည် ) တို့ကို ထည့်၍ ကပ်ထူ စက္ကူ ဖုံးအုပ်ပြီး အရိပ်အောက်တွင် ထားပါ။ ၃ ပတ် ( ရက် ၂၀ ကျော် ) လျင် အသုံးပြု ၍ ရနိုင်ပြီ ဖြစ်သော Bio Nutrient ကို ရရှိပြီ ဖြစ်ပါသည်။
Bio Nutrient ကို ၄င်း အရည်တစ်ဆ ရေဆယ်ဆ ရော၍ အပင်များကို လောင်းပေး ခြင်း ဖြန်းပေးခြင်းများ ပြုလုပ်နိုင်ပါသည်။သဘာဝ မြေသြဇာများ တွင်ထည့်သွင်း အသုံးပြု ခြင်းများဖြင့် များစွာသော အကျိုးကျေးဇူး များကို ရရှိစေပါသည်။
Bio Nutrient တို့ကို Soil conditioner အဖြစ်လဲ အသုံးပြုနိုင် ပါသည်။
စဉ်ဆက် မပြတ် စိုက်ပျိုးခြင်းကြောင့် ဖြစ်ပေါ်သော Soil sickness ကို လျော့ပါး သက်သာစေပါသည်။
ဦတင်မိုးနိုင် (Oo Yin Taw, Pools & Garden Landscaping Group).
Fri, 3-10-2014.
Myanmar Landscaper
Thursday, October 2, 2014
Wednesday, October 1, 2014
Greatest Traditional Palm Trees ( Toddy Palm )
Last five year ,we were transplanting in Royal Nay Pyi Taw Hotel.Back of the Dinning Room.Trunk height ,5 m.
Our native plant, they are showing Strength,Strong,Smart,Dignity and Gentility.

(Oo Yin Taw,Pools & Garden Landscaping Group.)
Monday, September 29, 2014
Bio Nutrients (1)
ယခု ရေးသားမည့် Bio nutrients ပြုလုပ်နည်းများသည် မိမိအိမ်တွင် လွယ်ကူစွာ ပြုလုပ်နိုင်ပြီး အလွန်အကျိုးများ စေသော ငွေကုန် ကြေးကျ သက်သာ စေသော နည်းလမ်းများ ဖြစ်ပါသည်။
A ; သန့်ရှင်းစွာ ဆေးထားသော စဥ့်အိုး သို့
ပုံးထဲသို့ …………
1.ဆန်ဆေးရည်
2.နွားနို့ ငါးဆယ်သား
3.ရေ တစ်လီတာ ဖြင့် ကျိုချက်၍ အအေးခံ ထားသော မုန့်လုပ် ထန်းလျက် နှစ်ဆယ့်ငါး ကျပ်သား
တို့ကို ထည့်ပါ။အပေါ်မှ ကပ်ထူစက္ကူ ဖုံးအုပ်ပြီး လွင့်ကျမသွား စေရန် သစ်သား သို့ တခုခု ဖြင့် ထပ်မံဖိထားပါ။
အထက်ဖေါ်ပြပါ ပစ္စည်း များ ထည့်ထားသော အိုးကို အရိပ်အောက်တွင် ၁၅ ရက်ခန့် ထားပြီသော အခါ Latic acid bacteria ပါဝင်သော ဆေးကို ရရှိပြီ ဖြစ်ပါသည်။ ထိုဆေးကို ရေတဂါလံ လျင်
40cc မှ 80cc ထည့်၍ အပင်ကို အရွက် အဖျားပိုင်း မှ စ၍ အမြစ် Root zone ထိ ဖြန်းပေးပါ။ အစာချက်အား အလွန်ကောင်းစေ ပါသည်။
B;ဝါးရုံအောက်မှ
1. Top soil တစ်ပိသာ
2.ဖွဲနု တစ်ပိသာ
3.ရေတစ်လီတာ ဖြင့် ကျိုချက်၍ အအေးခံထားသော မုန့်လုပ် ထန်းလျက် နှစ်ဆယ့်ငါး ကျပ်သား တို့ကို နှံ့စပ်စွာ ရောပါ။
သစ်သားပြား ပေါ်တွင် တင်၍ ပလပ်စတစ် ဖုံးအုပ်ပြီး အရိပ်အောက်တွင် တပတ်ခန့်ထားပါ။အဖြူရောင် မှိုမျင်များ ပြည့်သွားပါလိမ့်မည်။၎င်းကို ရေစိမ်၍ အပင်များအား ဖြန်းပေး နိုင်ပါသည်။ကျန်နေသော အဖတ်များကို အပင်ခြေတွင် အုပ်ပေးနိုင်ပါသည်။
C;သစ်ပင်ကြီးများ အောက်ရှိ သစ်ရွက်ဆွေးပုံ
အောက်တွင်……
1.ဆန် နို့ဆီ တဗူးအား ခပ်ပြစ်ပြစ်ချက် ခွက်တခုတွင် ထည့်ပြီ အပေါ်မှ သတင်းစာ စက္ကူ ပလပ်စတစ်တို့ ဖုံးအုပ်၍ တပတ်ခန့် ထားပါ။
2.၄င်း ထမင်းနှင့် ဆတူ မုန့်လုပ်ထန်းလျက် ကျိုချက်၍ အအေးခံထားသော ရေကို ပုံးတခုတွင် ထည့်၍ မွေပေးပါ။
ခုနှစ်ရက် ကြာသော အခါ အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
Bio Nutrient.
အထက်တွင် ဖေါ်ပြခဲ့သော A; B; C; တို့အား စဥ့်အိုး သို့ ပုံး အတွင်သို့ စုပေါင်း၍ ထည့်ပြီး ဖုံးအုပ်ထားပါ။ သုံးရက် လွန်သော အခါ ပြီးပြည့်စုံသော Bio Nutrient ကို ရရှိပြီဖြစ်ပါသည်။
Bio nutrient ကို မိမိတို့ လိုအပ်သလို မြေဆွေးပြုလုပ်ရာ တွင် ထည့်သွင်း အသုံးပြု ခြင်း ရေဖြင့် သင့်တော်သလို ရောစပ်ဖြန်းပေး ခြင်း နှင့် အပင်အတွက် လိုအပ်သော အခြား ကိစ္စ များတွင်လည်း စဉ်းစား၍ အသုံးပြုခြင်းဖြင့် အကျိုးကျေးဇူး များစွာ ရရှိနိုင်ပါသည်။
ဦးတင်မိုးနိုင် ( Oo Yin Taw )Pools & Garden Landscaping Group.
Tue; (30-9-2004).

Tuesday, September 9, 2014
Weeping Willow Trees
Weeping Willow Tree ( မိုးမခပင် )
This tree can make Organic Root Stimulator ( ORS ).
ဦးတင်မိုးနိုင် ( Oo Yin Taw ,pools & garden landscaping group.)
9.9.2014
Tue; 5:25

Sunday, September 7, 2014
Organic Root Stimulator
Root Hormone ( or ) Acids .
အမြစ်ထွက် စေသော ဟော်မုန်းများ။
၁။Salicylic acid (protect infection)
၂။Indolebutric acid (IBA)
၃။Indoleacetic acid (IAA)
၎။Napthalacetic acid (NAA)
** Auxins ( လွယ်ကူစွာ အမြစ်ထွက်စေရန် ကူညီ )
*လက်ရှိဈေးကွက်တွင် ဖြန့်ဖြူး ရောင်ချနေသော B1, root stimulants, plant tonic , စသည်တို့တွင် phosphorous နှင့် အခြား ဓါတ်မြေသြဇာ များ ပါဝင်နေတတ်သည်။ထို ဆေးများကို အသုံးပြုဖြန် များလာသောအခါ မလိုလား အပ်သော ဆိုးကျိုးများ ဖြစ်ပေါ်တတ်ပါသည်။ ယခု ရေးသားမည့် Organic root stimulator ( ROS )သည် မိမိကိုယ်တိုင် ပြုလုပ်သုံးစွဲ နိုင်သည့် လွယ်ကူသော နည်းလမ်း ဖြစ်ပါသည်။
Weeping Willow Tree ( မိုးမခပင် )
* နေရာဒေသ မရွေး ပေါက်ရောက်ရှင်သန် နိုင်သော အပင်ဖြစ်ပါသည်။ ၄င်း မိုးမခပင် မှ ကိုင်းကို ဖြတ်ယူ၍ စွတ်စိုနေသော မြေတွငိထိုးထားပါက ရက်အနည်းငယ် အတွင်းအမြစ် ထွက်လာသည်ကို တွေ့ရပါမည်။ မိုးမခပင် (Willow tree) တွင်ပါဝင်သော……
1.Salicylic acid သည် ဖြတ်တောက်ခံရ
သော ဒဏ်ရာ (အမြစ်)ကို သက်သာစေ
သည်။
2.Indolebutric acid ( IBA )သည် အမြစ်
လျင်မြန်စွာ ထွက်လာစေရန် လှုံ့ဆော်ပေး
သည်။
3.Auxins သည် လွယ်ကူစွာ အမြစ်ထွက်
လာစေရန် ကူညီပေးပါသည်။
*****Auxins သည် မြက်များကို သေစေသည်။
ပြုလုပ်ပုံ
တနှစ်သား အထက်ရှိ ကျမ်းမာသန်စွမ်း
သော မိုးမခပင် ( Willow )မှ ကိုင်းကိုဖြတ်ယူ
ပါ။အပင်၏ မည်သည့် အစိတ်အပိုင်းမှ မဆို ဖြတ်ယူနိုင်ပါသည်။ဖြတ်ယူထားသော ကိုင်း အရွက် များကို ကတ်ကြေး သို့ ဓါးဖြင့်စဉ်းပါ။ ရေတဂါလံ လျင် စဉ်းထာသော မိုးမခ တစ်ကီလို မှ နှစ်ကီလို ထိထည့်၍ ပုံးတခုတွင် ထည့်၍ စိမ်ထားပါ။ ၂၄ နာရီမှ ၄၈ နာရီထိ စိမ်ထားနိုင်ပါသည်။ ထို့ထက်ပို၍
အချိန်ကြာကြာ မစိမ်သင့်ပါ။အရွက်နှင့် အခေါက်များ ပုတ်၍ ပျက်စီးတတ်ပါသည်။
***** ထိုရေထဲသို့ Auxins နှင့် IBA , Salicylic acid တို့ ပျော်ဝင်သွားပါမည်။ ပိတ်စိမ်းပါး သို့ ဇကာ ဖြင့် ရေကိုစစ်ယူပါ။
***** ထိုရေသည် ကျနော်တို့ ပြုလုပ်လိုက်သော Organic root stimulator ( ROS ) ဖြစ်ပါသည်။ရေနွေး ဖြင့်လည်း ပြုလုပ်နိုင်ပါသည်။
၎င်း ROS ကို ကိုင်းဖြတ်ယူ မျိုးပွာမည့် ကိုင်းများ ကို ခြောက်နာရီ မှ ရှစ်နာရီထိ စိမ်၍ စိုက်ပျိုးပါက လျင်မြန်စွာ အမြစ်ထွက်စေသည်။အထူးသဖြင့် ရွှေ့ပြောင်းစိုက်သော အပင်ကြီး ငယ်တို့အား ROSိကို တပတ်မှ ဆယ်ရက်ခန့် လောင်းပေး နိုင်ပါသည်။အပင်အရွယ် အစားကိုလိုက်၍ ချင့်ချိန်လောင်း ပေးရပါမည်။
ထားသို သိမ်းဆည်းခြင်း
ချက်ချင်း အသုံးပြုရန် မရှိပါက သန့်ရှင်းသော ဗူး ပုလင်း ခွက် စသည်တို့တွင် ထည့်၍ ရေခဲ သေတ္တာ အတွင်း၌ သိမ်းထားနိုင် ပါသည်။ လိုအပ်သော အခါ ထုပ်ယူ သုံးစွဲနိုင်ပါသည်။
ဦးတင်မိုးနိုင် ( Pools & Garden Landscaping Group.)
8.9.2014.
Mon.1:30.

Friday, September 5, 2014
Bio Fertilizer ( 2 )
ယခုရေးသား မည့် Bio fertilizer ပြုလုပ်နည်းသည် ဂျပန်နိုင်ငံမှ ပညာရှင်တို့ ဖေါ်ထုတ် သုံးစွဲ ဖြန့်ဝေသော နည်းဖြစ်ပါသည်။
ဒိုချက်ကင်း မြေသြဇာ ဟုခေါ်ပါသည်။
EM နှင့် IM .
EM ကို အထူးဂရုပြု မွေးမြူခဲ့ကြသည်။သဘာဝ မြေသြဇာများတွင် ထည့်သွင်း၍ ၄င်းတို့ ကွန်းခိုရာ အဖြစ် ဖန်းတီး အသုံးပြုခဲ့ကြ သည်။လယ်ယာမြေမှ စ၍ စိုက်ပျိုးရေး နယ်ပယ်တခုလုံးတတ် သိသလောက် အသုံးပြုခဲ့ကြသည်။သို့သော်လည်း သဘာဝအလျောက် နေရာမရွေး တည်ရှိနေသော IM များကို မလွမ်းမိုးနိုင်ကြောင်း တွေရှိလာသည်။
ဂျပန်မှ EM ကို မြန်မာပြည်သို့ ယူလာ၍ အသုံးပြုသောအခါ ခဏတာသာ အစွမ်းပြ၍ ရေရည်တွင် ဒေသခံ IM များ၏ လွှမ်းမိုးမှု့ ကို ခံရသည်။ထိုဖြစ်စဉ် အရ ဒေသခံ Microbe များမှ အပင်တို့အား အကျိုးပြုရန် အတွက် ဒေသခံ Microbe များနှင့်သာ ပြုလုပ်ရန် တွေှ့ရှိ လာကြသည်။ဂျပန် ပညာရှင်တို့၏ အဆိုအရ ဝါးတောမြေ မှ Microbe များ သည် အကောင်းဆုံး ဖြစ်သည်။
Microbe များ စတင်မွေးမြူခြင်း
ဝါးရုံအောက်မှ အပေါ်ယံ မြေသား ( Top soil )လေးထောင့် သံပုံး တပုံးယူပါ။ဖွဲနု နှင့် ဆတူရောပါ။ကျိုချက်၍ အအေးခံထားသော မုန့်လုပ် ထန်းလျက် ၂၅ ကျပ်သားဖြင့် ဆွတ်ဖြန်းရောနယ်ပါ။ထန်းလျက်ရည် ထည့်သွင်းမှု့ သည် မစို မခြောက် ဖြစ်နေပါ စေ။လက်ဖြင့်ဆုပ်ပါက ရေတစက်ခြင်းမကျရ။အဝတ်ကို ရေညှစ်ထား သကဲ့သို့ ဖြစ်ရမည်။အရိပ်ကောင်းစွာ ရသောနေရာတွင် တောင်မို့ ပုံသဏ္ဍန်ပြုလုပ်၍ အပေါ်မှ ကောက်ရိုးပါးပါး ဖုံးပါ။ပလပ်စတစ် ဖြင့် ထပ်မံ ဖုံးအုပ်ပါ။အပုံအား မဖိရ မရိုက်ရ။ကျစ်လစ် သိပ်သည်း အောင် မလုပ်ရပါ။သုံးရက်ပြည့် လျင် မှိုမျှင်ကဲ့သို့သော Microbe များစတင် မြင်တွေ့ရမည်။ငါးရက် သို့ ခြောက်ရက်ပြည့် သောအခါ ပြီးပြည့်စုံသော Microbe များကိုရရှိ ပီဖြစ်ပါသည်။
Bio Fertilizer ပြုလုပ်ပုံ
လိုအပ်သော ပစ္စည်းများ
၁။နွားချေး လှည်းတစီး
၂။စပါးခွံ လှည်းတစီး
၃။ပေါင်းမြက် အစိုများ
၎။ဖွဲပြာ
၅။သစ်ရွက်စိမ်း /ခြောက်များ နှင့် အခြား မိမိနှစ်သက်ရာ မည်သည့် သဘာဝ ပစ္စည်း မဆို ထည့်သွင်း အသုံးပြုနိုင်ပါသည်။
ဖေါ်ပြပါ ပစ္စည်းများအား အရိပ်အောက်တွင် လေးလက်မ တလွှာပုံ ထန်းလျက်ရည် ပါးပါးဖြန်း ပြီးလျင် Microbe မွေးထားသော ဝါးရုံအောက်မှ မြေကို လက်ခုပ် နှစ်ခုပ်ခန့် ပါးပါးဖြန့်ပါ။ထိုကဲ့သို့ အလွှာပုံ ထန်းလျက်ရည်ဖြန်း ပိုးမွေးထားသောမြေ ဖြန့် ဖြင့် အလွှာလိုက် ရင်ဆို့ အမြင့် ငါးပေ ခြောက်ပေခန့် ရောက်သော အခါ တာပေါ်လင် သို့ ပလပ်စတစ် ဖြင့် ဖုံးအုပ်ထားပါ။သုးံ လေးရက် ကြာသော် အပုံတွင်း လက်ဖြင့်စမ်းကြည့်ပါက အလွန်ပူနေသည်ကို တွေ့ရမည်။ပလပ်စတစ်ကို ဖယ်၍ အပုံအားဖြည်ချပါ။ အပူချိန်လျော့ကျလာမည်။ခြောက်သွေ့၍ ရေလိုအပ်လျင် ပြင်ပမှ ရေကို ဖြည့်စွက်ပေးပါ။ပြန်လည်စုပုံ၍ ဖုံအုပ်ထားပါ။ သုံး လေးရက် နေလျင်ထပ်မံ စမ်းကြည့်ပါ အလွန်ပူနေလျင် ဖြည်ချပါ။ပြန်လည်စုပုံပါ။ထိုကဲ့သို့ ဖြည်ချခြင်ြး ပန်လည်စုပုံခြင်း တို့ကို အပူချိန် လျော့ကျပီး ထည့်သွင်းထားသော ပစ္စည်းများ ဆွေးမြေ့သွား သောအခါ အသုံးပြု၍ ရရှိပီဖြစ်သော Bio Fertilizer ဖြစ်ပါသည်။
ဦးတင်မိုးနိုင် (Pools & Garden Landscaping Group).
5.9.2014 (Fri)
3:15

Tuesday, September 2, 2014
Subscribe to:
Posts (Atom)