Wednesday, August 27, 2014

Organic farmimg

Organic farmimg
------------------
Organic ဟု ဆိုလိုက်လျင် ကျနော်တို့ ပတ်ဝန်းကျင် မှစ၍ ကမ္ဘာ္ဘ္ဘကြီး တခုလုံး အလေးထား အာရုံ စိုက်လာနေသော အကြောင်းအရာ ဖြစ်လာနေပါသည်။နယ်ပယ် အသီးသီးတွင် organic ဆိုသော စကားလုံး သည် တွင်ကျယ်လာသည်။ယခုမှတွင်ကျယ်လာ ခြင်းမဟုတ်။ယခင် ကတည်း က ထိုစကားလုံး ရှိပြီးဖြစ်ပါသည်။
သို့သော်လည်း ကျနော်တို့ သတိမမူမိ ကြပါ။
        အဓိက အားဖြင့် စိုက်ပျိုးရေး နယ်ပယ်တွင် ပညာရှင်များ၏ ကြိုးပမ်းအားထုပ်မှု့ ကြောင့် အတိုင်းအတာ တခု အထိ အောင်မြင်နေပြီ ဖြစ်ပါသည်။
ယခု အချိန်ကာလ ကဲ့သို့ ထူးထွေ ဆန်းပြား သော ရောဂါများ ဖြစ်ပေါ်လာချိန် တွင် လူသားတို့ စားသောက်သော အစားအသောက် များသည် အန္တရာယ်ကင်း ရန် ပိုမိုလိုအပ်လာ ပါသည်။အခြေခံ အကြောင်းအရာ ဖြစ်သော စိုက်ပျိုးစားသောက် ကုန်မှ စ၍ စက်မှု့ကုန်ထုပ် လုပ်ငန်းများ အထိ အရေးပါလာ သည်ကို တွေ့ရှိခဲ့ကြ ပါသည်။စိုက်ပျိုးရေး လုပ်ငန်းသုံး ဓါတုဆေး များ ဓါတ်မြေသြဇာ များ၏ ဘေးထွက် ဆိုးကျိုးများသည် လူသားများ အပါအဝင် ကမ္ဘာ္ဘကြီး ပေါ်ရှိ သက်ရှိသက်မဲ့ တို့အား အနှေး နှင့် အမြန် ဖျက်စီးပစ် နေပြီ ဖြစ်ပါသည်။
        ကျနော်တို့ နေထိုင်သော ကမ္ဘာကြီးအား ကျနော်တို့ ကိုယ်တိုင် ဖျက်စီးမိနေ ပါသည်။
       ဖျားနာနေသော ကမ္ဘာကြီးအား စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးသော  ကျနော်တို့လဲ တတ်နိုင်သလောက် ကုစားကြ ဖို့ တာဝန်ရှိနေ ပါသည်။
       စိုက်ပျိုးရေး ဟု ဆိုရာဝယ် လယ်ယာလုပ်သူများ မှစ၍ ပန်းဥယျာဉ်  သစ်ပင် ပန်းမာလ် လုပ်ကိုင်သူများ အဆုံး အပင်ဖြင့် လုပ်ကိုင်သူ အားလုံး ပါဝင်ပါသည်။
      ဆက်လက်ရေးသား မည့်  Post  များတွင် Bio fertilizer ပြုလုပ်ပုံ များကို တင်ပြသွား ပါမည်။
                    ဦးတင်မိုးနိုင်

No comments:

Post a Comment