Wednesday, August 13, 2014

Propagation of plants

(Seedling & Cutting method.(သစ်စေ့များ အား ပျိုးထောင် ယူခြင်းနှင့် ကိုင်းဖြတ် မျိုးပွားခြင်း ။
       
                 ၁။သစ်စေ့များ အား ပျိုးထောင်ယူခြင်း ကို လူတော်တော် များများ နားလည် သိရှိပြီး ဖြစ်ပါသည်။ သို့သော်လည်း ကျနော်တို့ အထူးမေ့နေကြသည် မှာ  သူတို့၏ နားနေချိန် ပင် ဖြစ်လေသည်။
           ပုံမှန် စိုက်ပျိုး စားသောက် ရသော ဟင်းသီး ဟင်းရွက်မျိုးစေ့ များတွင် နားနေချိန်  မရှိသလောက် နည်းသော်လည်း အချို့ အပင်များတွင် ရှိတတ်သည်။
          အထူးသဖြင့် ဘုံမြင့်သော အလှစိုက်  (Landscaping  ) တွင် အသုံး များ သော အပင်များ တွင် ရှိတတ်သည်။ ဥပမာ တော်ဝင်အုန်း (Royal palm ) အုန်းပွား ခေါ် ကြိမ်ထန်း ( Yellow cane palm ) သစ်မွှေး  (Aggar wood) နှင့် အခြား အဖိုးတန် အပင်တော်တော် များများ တွင် အစေ့တွင်း နားနေချိန် ရှိသည်။
         ထိုကဲ့ သို့ မဖြစ်စေရန်  မိမိလိုအပ်သော အစေ့အား ရင့်မှည့်လျင် ခူးဆွတ်၍  ချက်ချင်း ပျိုးထောင်သင့်ပါသည်။ထိုသစ်စေ့ များတွင် အပေါ်ယံ အခွံအား အမြန် ဖယ်ရှားပစ်ရန် ခူးဆွတ် ပြီးသည်နှင့် လေလုံသော ပလပ်စတစ် အိတ်ဖြင့် ထုပ်ထားပြီး သုံး လေး ရက်ခန့်ကြာသော အခါ အပေါ်ယံ အခွံများ 'ယိ' လာသော အခါ ဇကာဖြင့် တိုက်ချပါ။ လက်အိတ် သုံးပါ။ ယားတတ် သည်။ပြီးလျင် အဝ ကျယ်၍ ဇောက်တိမ်သော ပန်းအိုးထဲတွင် သဲ  သီးသန့် ထည့်၍ အစေ့ များ ညီညာစွာ ဖြန့်ခင်းပါ။ အပေါ်မှ အစေ့တဝက် ခန့်မြုတ်ရုံ သဲထပ်ဖြည့်ပါ။အရိတ်အောက်တွင် ထားပါ။ရေပုံမှန် လောင်းပါ။အညှောက် အစို့ ကလေးများ ထွက်လာချိန်သည် ရာသီ ဥတု ပေါ်တွင် လဲ မူတည်ပါသည်။ပန်းအိုး ထဲတွင် ပျိုးရခြင်းမှာ  အပင်ကလေးများ ပေါက်လာသောအခါ  လိုအပ်သော နေရောင်ခြည် ပြပေးခြင်း အရိတ် တွင်းသို့ ပြန်လည်ထဲ့ သွင်းခြင်း  တို့ကို လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။
      အထက်ပါ နည်းလမ်းမှာ အခွံပါသော အုန်းမျိုးနွယ်ဝင်  (palm trees) များတွင် အသုံးပြုနိုင်ပါသည်။

No comments:

Post a Comment