Saturday, August 16, 2014

Propagation of plants

Budding method (အဖူးမြုတ်ခြင်း)
-----------------------------
          အဖူးမြုတ်ခြင်း  (budding) ကို ဥယျာဉ်လုပ်ကိုင်သူများက  'ဘတ် ' သွင်းခြင်းဟု ပြောဆို ကြပါသည်။  Bud သွင်းရာတွင် ;
         ဓါး  လက်၏တည်ငြိမ် မြန်ဆန်မှု့  ချည်နှောင်သော တိပ်  လက်ခံပင်နှင့် ထည့်သွင်းမည့် အဖူး(bud) တို့၏ ကျမ်းမာစိုပြေမှု့ စသည်တို့သည် အထူးအရေး ကြီးပါသည်။
         အပင်များ အား မျိုးပွားစိုက်ပျိုးရာတွင်
ရာသီဥတု ကိုအမြဲ ချင့်ချိန် မှု့ပြုရန် လိုအပ်ပါသည်။
         Budding နည်းကို နှင်းဆီ  ကြက်မောက်  ရာဘာ  စသည် အပင်များတွင် တွင်ကျယ်စွာ အသုံးပြုကြပါသည်။
T - budding ; I - budding ; စသည်ဖြင့် လည်း အပင်အမျိုး အစားကို မူတည်၍ ထည့်သွင်း ကြပါသည်။
         ယခု နှင်းဆီပန်း budding ကို ရေးသား တင်ပြပါမည်။အခြား အပင်များ သည်လည်း ထိုနည်းတူပင် ပြုလုပ်နိုင်ပါသည်။
         ရှေးဦးစွာ နှင်းဆီ အရိုင်း ( ပန်းမပွင့်ပါ ) ကိုပျိုးထောင် ထားရပါမည်။နှင်းဆီ အရိုင်း
(လက်ခံပင်) ကောင်းစွာ ရှင်သန်လာသောအခါ ၄င်း ပင်စည်၏ မြေပေါ် လေးလက်မခန့် မှ ကိုင်တွယ်ရ လွယ်ကူစေ ရန် ဆူးများကို ခြွေပြစ်ပါ။  လက်ခံပင်၏ ပင်စည် အပေါ်ယံ အခေါက် အလွှာအား ဓါးဖြင့် ကန့်လန့်  လှီးပါ။ပင်စည်ပတ်လည် တဝက်ခန့် လှီးပြီလျင် လှီးရာ၏ အလယ် မှ အောက်ဖက်သို့ ခွဲလိုက်ပါ။
           အင်္ဂလိပ် အက္ခရာ ( T ) တီ ပုံစံ ဖြစ်ပါသည်။ထိုသို့ လှီးပြီးပါက အပေါ်ယ အခေါက် အလွှာအား ဓါးဦးဖြင့် ညင်သာစွာ ခွာလိုက်ပါ။ အတွင်းရှိအသားစ များ မထိခိုက်စေရန်   ဂရုစိုက် ရပါမည်။မိမိမျိုးပွား လိုသော အပင်မှ အဖူး (bud) ကို လည်း အသားစများ မပါအောင် ခွာယူရပါမည်။လက်ခံပင်မှ T ပုံစံ ခွဲထားသော နေရာ သို့ ၄င်း အဖူးအား ထည့်သွင်းပါ။အောက်မှစ၍ တိပ်ဖြင့် စည်းပါ။ အဖူးနေရာအား ချန်လှပ်၍ စည်းရပါမည်။ လုပ်ကိုင်ရာတွင်သပ်ရပ် သေချာ မှု့များများ လိုအပ်ပါသည်။ လက်ခံပင် နှင့် အဖူးတို့၏ ကျမ်းမာသန်စွမ်းမှု့ အပေါ် မူတည်၍ ရက်ပေါင်း ၃၀ သို့ ၄၀ အတွင်းအဖူး အောင်မြင်မှု့ ကို တွေ့ရပါမည်။
           ယခုကဲ့သို့ စာရေးသား တင်ပြရာတွင် စာဖတ်သူများ နားမလည် မှု့များ ရှုပ်ထွေးမှု့များ ရှိနေနိုင်ပါသည်။ရှင်းလင်း လွယ်ကူအောင် မရေးသား နိုင်သော ကျနော်၏ အားနည်းချက်သာ ဖြစ်ပါသည်။
          ဖုန်းဖြင့်ဖြစ်စေ  မေးလ် ပို့၍ ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
              ဦးတင်မိုးနိုင် ( Pools & Gardens landscaping group.)
              09 535 2152.
   plantsscaper200@gmail.com



No comments:

Post a Comment