၃ ။ ကိုင်းစီးခြင်း ကိုင်းဆက်ခြင်း ( Grafting )
---------------------------------
ကိုင်းစီး ကိုင်းဆက်ခြင်းသည် မိခင်ပင်မကြီး ( Mother plant ) အတိုင်း ရရှိစေရန် သေချာသော နည်းဖြစ်သည်။
ကိုင်းစီးခြင်း
------------
မာလကာ သံပုရာ နှင်းဆီ စံပယ် ရှားပါးရွက်လှမျိုးများ နှင့် အခြားအပင် များစွာကို ကိုင်စီး မျိုးပွားနိုင်သည်။
ဦးစွာ ကိုင်းစီးလိုသည့် အပင်မှ ခဲတံလုံးခန့် ရှိ ကျမ်းမာသော ကိုင်းကို ရွေးချယ်သင့်သည်။ ကိုင်း၏ စီးလိုသော နေရာတွင် ဓါးဖြင့် အပေါ်လွှာကို ရစ်၍ အခေါက်ကို ခွာပြစ်ရမည်။အတွင်းရှိ အသားကိုလည်း ကိုင်းပတ်လည် ခြစ်ထုတ်၍ အစာရေကြော အဖွဲ့ အစည်း ကို အနည်းငယ်ဖြတ်တောက် ထားရမည်။အားဖြင့် တွန်း၍ မခြစ်သင့်ပါ။ကိုင်းနာ၍ ရောဂါ ဝင်ရောက်လာနိုင်သည်။
အခေါက် အသားတို့အား ခွာထုတ် ခြစ်ထုတ်ပြီးလျင် ကိုင်း၏ခွာထားသော နေရာ အပေါ်ဖက်တွင် ရွှံ့စေးဖြင့် ပတ်လည်ဖုံး အုပ်ရမည်။ပြီးလျင် အသင့်ပြင်ထားသော အုန်းခွံ (သို့) ဂုံနီအိတ်ဖြတ်စ တို့ဖြင့် ပတ်လည်လုံအောင် ဖုံး၍ ပလပ်စတစ် အကြည်ဖြင့် ပတ်ကာ ကြိုးချည်ထား ရမည်။
ကိုင်းစီးသော အပင်၏ ကျမ်းမာသန်စွမ်းမှု ရာသီ အခြေအနေ တို့တွင်မူတည်၍ အမြစ်ထွက်လာသော အခါ ဖြတ်ယူ စိုက်ပျိးနိုင်ပါသည်။ မိုးရာသီ သည် ကိုင်းစီးရန်အကောင်းဆုံး ဖြစ်ပါသည်။
ဆက်လက် ရေးသားပါမည်။
No comments:
Post a Comment