Wednesday, August 13, 2014

Propagation of plants

'၂။Cutting (ကိုင်းဖြတ် မျိုးပွားခြင်း)
    ===================
         မိရိုးဖလာ ကျွမ်းကျင်နားလည်မှု ရှိထားသော မျိုးပွားနည်း ဖြစ်ပါသည်။သို့သော်လည်း နည်းစနစ် မှန်စွာ အသုံးပြု ပါက စီးပွားဖြစ် လုပ်ကိုင် နိုင်သည်။
        ရှေးဦးစွာ မိမိဖြတ်ယူ မျိုးပွားလိုသော အပင်ကို လေ့လာမည်။အပင်၏ အရွယ်အစား ကြံ့ခိုင်မှု့ အခက်အလက်  ကိုင်းများ၏ အနုအရင့် စသည်တို့ကို ခြုံငုံ ကြည့်ရပါမည်။ရာသီဥတု ကိုလည် သတိထားရန် လိုပါမည်။
         ကိုင်းဖြတ်မျိုးပွား ရာတွင် အထူးသတိပြုရန်မှာ  ကိုင်း၏ မည်သည့် နေရာမှ အမြစ်လျင်မြန်စွာ ထွက်လာနိုင်သနည်း ဆိုသည့်အချက်ပင် ဖြစ်ပါသည်။အပင်တို့၏ သဘာဝ အရ '  ရွက်ညှာ 'တနည်းဆိုလျင်  အဖူး အညွန့် ထွက်သောနေရာ ။ထိုနေရာတွင်  ဌင်းတို့၏ ဗီဇ ဆဲလ် များစွာ သိမ်းစည်းထားလေသည်။
ထိုနေရာမှပင် အဖူး အညွန့် အတက် အလက် အမြစ် စသည်တို့ကို လျင်မြန်စွာ ပေးသည်။
             ဥပမာ အနေဖြင့် 'ဝါး ' ပင်ကို ကြည့်လျင် လွယ်ကူစွာ သိနိုင်ပါသည်။  'ဝါး ' ပင်သည် အဆစ်မှ အမြစ်ထွက်သည်။ဌင်း၏ သားတက် ခေါ် မြစ်ဆို့ ကိုလဲ အဆစ်ရှိ  ( bud ) အဖူးမှ ပေးသည်။တဆစ်နှင့် တဆစ် အကြားရှိ နေရာမှာ ပြောင်ချောချော ပင်စည်သာ ဖြစ်သည်။
        အခြား အပင်အုပ်စုများသည်လည်း ထိုသဘာဝ အတိုင်းသာ ဖြစ်ပါသည်။
        ထိုသဘာဝ အရ ကျနော်တို့ ဖြတ်ယူမျိုး ပွား သောအခါ အဆစ် ( Bud ) ကို ဦးစားပေး ဖြတ်ယူရမည် ဖြစ်ပါသည်။
        ယခု လက်ရှိ  မျိုးထုပ်လုပ် ရောင်းချသူများ သည် အဆစ်ကို ဦးစားပေး ဖြတ်ယူပီး ပလပ်စတစ် အကြည်ဖြင့် လေလုံစွာ ဖုံးအုပ်၍ အမြစ်ဖေါက် ယူကြပါသည်။
         အပင်များ၏ မျိုးပွားနည်းများ ကို နားလည်တတ်ကျွမ်း ထားသလောက် ဆက်လက် ဖေါ်ပြပေး သွားပါမည်။
        ဦးတင်မိုးနိုင်  (  Pools & Garden landscaping group )

No comments:

Post a Comment