Wednesday, August 13, 2014

Propagation of plants

ဒုတိယနည်း (Grafting)
---------------------
      ပထမ ဖေါ်ပြခဲ့သော နည်းဖြင့် ပြုလုပ်၍ မရသော အပင်များကို ယခုနည်းဖြင့် ပြုလုပ်နိုင်ပါသည်။
       ပျိုးပင်ငယ် မွေးမြူပုံမှာ အတူတူပင် ဖြစ်ပါသည်။မိမိပွားယူလိုသော မိခင်ပင်မှ လက်ခံပင်နှင့် လုံးပတ် တူသောသင့်တော်သည့် ကိုင်းကို ရွေးချယ်ရပါမည်။ ပျိုးပင်ငယ် ကို မထမနည်းအတိုင်း ဖြတ်ထုတ်ပြီး  လက်သမားများ အိမ်တိုင်ဆက်သကဲ့သို့ ၃၀ ဒီဂရီ ခန့် စောင်း၍ ချွန်ရပါမည်။မိခင်ပင်မှ သင့်တော်သော ကိုင်းကိုလဲ ဆက်လိုသောနေရာ မှ လှီးထုတ်ရပါမည်။လက်ခံပင်မှ လှီးထားသော အနေအထားနှင့် အံဝင်ဂွင်ကျ ဖြစ်အောင် ပြုလုပ်ရပါမည်။ပျိုးပင်ငယ်ထည့်ထားသော အိတ်ကို ချိတ်ဆွဲ ထောက်ပံ့ပေး ထာရန်လဲ စီစဉ်ထားရ ပါမည်။
         လက်ခံပင်နှင့် မိခင်ပင်မှ ကိုင်းတို့ လှီးထားသော နေရာများ ဂွင်ကျသော အခါ အောက်ဖက်မှ နေ၍ တိပ်ဖြင့် ပတ်ပြီး စည်းနှောင် ထားလိုက်ပါ။ လက်ခံပင်အား မလှုပ်ရှားစေရန် ထိန်းပေးထားပါ။ရက်ပေါင်း ၃၀ ခန့် ကျော်လာသော အခါ ကျီးပေါင်းတက်၍ တဖြေးဖြေး ဆက်မိလာမည်။ ကောင်းစွာ ဆက်မိသော အခါ တိပ်ပတ်ထားသော နေရာ၏ အောက်ဖက်  မိခင်ပင်မှ ကိုင်းကို ဖြတ်လိုက်လျင်  မိမိလိုချင်သော အပင်ကို ရှိပြီ ဖြစ်ပါသည်။
        ကျနော်၏ ရေးသားတင်ပြမှု့ များသည် လုံးဝ ပြီးပြည့်စုံခြင်း မရှိနိုင်ပါ။  သို့သော်လဲ  ဝါသနာရှင် များ အနေဖြင့် အထောက်အကူ များစွာ ဖြစ်မည်ဟု မျော်လင့်မိပါသည်။ တတ်ကျွမ်း နားလည်သူများ ဝင်ရောက် ထောက်ပြ ဆွေးနွေး နိုင်ပါသည်။
        ပညာရပ် တိုင်းသည် လေ့လာသင်ယူ၍ ကုန်ဆုံးသည် ဟူ၍ မရှိပါ။
                ဦးတင်မိုးနိုင် (Pools & Gardens landscaping group.)

No comments:

Post a Comment