Wednesday, August 13, 2014

Propagation of plants

ကိုင်းဆက်ခြင်း ( Grafting )
-----------------------
          ကိုင်းစီးသော နည်းဖြင့်ပြုလုပ်၍ မရသော အပင်များအား ကိုင်းဆက်ခြင်း ဖြင့် ပြုလုပ်နိုင်ပါသည်။ကိုင်းဆက်ခြင်းဖြင့် ရရှိလာသော အပင်သည် အကြမ်းခံသည်။အစာ ရေ ပြတ်လပ်မှု့ တို့ကို ခံနိုင်သည်။ရောဂါ ကျရောက်မှု့ ကိုလဲ အသင့် အတင့် ခံနိုင်ပါသည်။အပင်သက်တန်း အပြည်အဝ ရှင်သန်နိုင်သည်။ကိုင်းစီ၍ ရယူထားသော အပင်ထက် အစစ အရာရာ သာလွန်ပါသည်။ကိုင်းဆက်ယူခြင်း သည် ကိုင်းစီးခြင်းထက် ပို၍ အချိန်ပေး ရသည်။ အနည်းငယ် ပို၍ ခက်ခဲ ပါသည်။သို့သော် အရည်အသွေး ပြည့်ဝသော အပင်များကို ရရှိစေပါသည်။
             ကိုင်ဆက်ခြင်းပြုလုပ်ရန် အတွက် မိမိပြုလုပ်လိုသော အပင်ငယ်ကို သင့်တော်သော ပျိုးအိတ်ငယ် ဖြင့်ထည့်၍ မွေးထား ရပါမည်။ဥပမာ သရက်ဆက်လိုလျင် သရက်ပင်ငယ်  ပိန္နဲဆက်လိုလျင် ပိန္နဲပင်ငယ် စသည်ဖြင့် ပြုလုပ်ထားရပါမည်။ ထိုကဲ့သို့ လက်ခံပင် ပြုလုပ်ရာတွင် ကျနော်တို့ နိုင်ငံရှိ ဒေသမျိုး (local) များသည် ပိုကောင်းပါသည်။
   ပထမနည်း
------------
     အိတ်ဖြင့်ထည့်ထားသော ပျိုးပင်ငယ် သန်စွမ်းလာသော အခါ ပျိုးပင် အပေါ်ဘက်ပင်စည် လေးလက်မခန့် ချန်၍မှ ဖြတ်ထုတ်လိုက်ပါ ။ ချွန်ထက်သော ဓါးဖြင့် အလယ်တည့်တည့်မှ တလက်မခန့် အနက်ရောက်အောင် ခွဲလိုက်ပါ။ မိမိဆက်ယူ လိုသောကိုင်းကို ခြောက်လက်မ အရှည်ထက် မပိုစေပဲ  ဘေးနှစ်ဘက်ကို လှီးထုပ်လိုက်ပါ။အလျား တလက်မခန့် လှီးရပါမည်။လက်ခံပင်၏ ပင်စည် အရွယ်နှင့် ဆက်ယူလိုသော ကိုင်း၏ လုံပတ်တို့ တူညီနေလျင် ပို၍သင့်တော် ပါသည်။ (အပေါ်ယံအခေါက် ကွာမသွား စေရန် ဂရုစိုက် ကိုင်တွယ်ပါ။ဆက်ယူလိုသည့် ကိုင်းသည် သစ်ရည်ရွှမ်း၍ နုနယ်သော အဖြားပိုင်း ဖြစ်ရန်လိုပါသည်။)
ထိုသို့ ပြုလုပ်ပြီးပါက လက်ခံပင်၏ ခွဲထားသော နေရာထဲသို့ ဘေးနှစ်ဘက် ကောင်းစွာ လှီထားသော ဆက်လိုသည့်ကိုင်းကို ထည့်လိုက်ပါ
ပြီးလျင် ပျော့အိသော ပလပ်စတစ် တိပ်ဖြင့် စည်းပါ။အိမ်မိုးသကဲ့ သို့ အောက်ဖက်မှ စ တင်စည်းနှောင်ပါ။လေလုံသော ပလပ်စတစ် အိတ်ဖြင့် စွတ်၍ ချည်ထားလိုက်ပါ။

No comments:

Post a Comment