Thursday, October 2, 2014
Bio Nutrients ( 2 )
       သစ်သီးများဖြင့်  Bio nutrient  ပြုလုပ်ပုံ ကို အတိုချုပ် ရေးသားတင်ပြပေးပါမည်။
  1.ရွှေဖရုံသီး ( Gibberellin,Auxin,Cytokinis  တို့ ပါဝင်…
  2.သင်္ဘောသီး
  3.ဌက်ပျောသီး  
           ဖေါ်ပြပါ အသီး သုံးမျိုးကို တမျိုးလျင်  တစ်ပိသာ စီ ။မုန့်လုပ် ထန်းလျက် ကို (3:1) အချိး အတိုင်း တစ်ပိသာ။သင့်တော်သော ရေ ပမာဏ ဖြင့် ကျိုချက် အအေးခံပါ။ ရေ များစွာ ဖြင့် မကျိုချက်ရပါ။ရေအနည်းဆုံး ပမာဏ ဖြင့်သာ ကျိုချက်ပါ။
         အသီးများအား လုံဝ ရေမဆေးရပါ။ဓါးဖြင့် အသေးဆုံး အရွယ်အစား ရသည်အထိ စဉ်းပါ။
         စဥ့်အိုး သို့  ပုံးသန့်သန့် တွင် စဉ်းထားသော အသီးများ  ကျိုချက်ထားသော  ထန်းလျက် ( သကာရည် ) တို့ကို ထည့်၍ ကပ်ထူ စက္ကူ ဖုံးအုပ်ပြီး အရိပ်အောက်တွင် ထားပါ။ ၃ ပတ် ( ရက် ၂၀ ကျော် ) လျင် အသုံးပြု ၍ ရနိုင်ပြီ ဖြစ်သော  Bio Nutrient  ကို ရရှိပြီ ဖြစ်ပါသည်။
       Bio Nutrient  ကို ၄င်း အရည်တစ်ဆ  ရေဆယ်ဆ ရော၍ အပင်များကို လောင်းပေး ခြင်း  ဖြန်းပေးခြင်းများ ပြုလုပ်နိုင်ပါသည်။သဘာဝ မြေသြဇာများ တွင်ထည့်သွင်း အသုံးပြု ခြင်းများဖြင့် များစွာသော အကျိုးကျေးဇူး များကို ရရှိစေပါသည်။
       Bio Nutrient  တို့ကို  Soil conditioner  အဖြစ်လဲ အသုံးပြုနိုင် ပါသည်။
        စဉ်ဆက် မပြတ် စိုက်ပျိုးခြင်းကြောင့်  ဖြစ်ပေါ်သော Soil sickness ကို လျော့ပါး သက်သာစေပါသည်။
      ဦတင်မိုးနိုင် (Oo Yin Taw, Pools & Garden Landscaping Group).
          Fri, 3-10-2014.
Wednesday, October 1, 2014
Greatest Traditional Palm Trees ( Toddy Palm )
      Last  five year ,we  were transplanting in  Royal Nay Pyi Taw Hotel.Back of the Dinning Room.Trunk height ,5 m.
     Our native plant, they are showing  Strength,Strong,Smart,Dignity and  Gentility.
U Tin  Moe Naing .
(Oo Yin Taw,Pools & Garden Landscaping Group.)
Monday, September 29, 2014
Bio Nutrients (1)
        ယခု ရေးသားမည့်  Bio nutrients ပြုလုပ်နည်းများသည်  မိမိအိမ်တွင် လွယ်ကူစွာ ပြုလုပ်နိုင်ပြီး အလွန်အကျိုးများ စေသော ငွေကုန် ကြေးကျ သက်သာ စေသော နည်းလမ်းများ ဖြစ်ပါသည်။
A ; သန့်ရှင်းစွာ ဆေးထားသော စဥ့်အိုး  သို့
   ပုံးထဲသို့ …………
1.ဆန်ဆေးရည်
2.နွားနို့ ငါးဆယ်သား
3.ရေ တစ်လီတာ ဖြင့် ကျိုချက်၍ အအေးခံ ထားသော မုန့်လုပ် ထန်းလျက် နှစ်ဆယ့်ငါး ကျပ်သား  
  တို့ကို ထည့်ပါ။အပေါ်မှ ကပ်ထူစက္ကူ ဖုံးအုပ်ပြီး လွင့်ကျမသွား စေရန် သစ်သား  သို့ တခုခု ဖြင့် ထပ်မံဖိထားပါ။
     အထက်ဖေါ်ပြပါ ပစ္စည်း များ ထည့်ထားသော အိုးကို အရိပ်အောက်တွင် ၁၅ ရက်ခန့် ထားပြီသော အခါ Latic acid bacteria ပါဝင်သော ဆေးကို ရရှိပြီ ဖြစ်ပါသည်။ ထိုဆေးကို ရေတဂါလံ လျင်
40cc မှ 80cc ထည့်၍ အပင်ကို အရွက် အဖျားပိုင်း မှ စ၍ အမြစ် Root zone ထိ ဖြန်းပေးပါ။ အစာချက်အား အလွန်ကောင်းစေ ပါသည်။
B;ဝါးရုံအောက်မှ
 1. Top soil တစ်ပိသာ
 2.ဖွဲနု တစ်ပိသာ
 3.ရေတစ်လီတာ ဖြင့် ကျိုချက်၍ အအေးခံထားသော မုန့်လုပ် ထန်းလျက် နှစ်ဆယ့်ငါး ကျပ်သား တို့ကို နှံ့စပ်စွာ ရောပါ။
သစ်သားပြား ပေါ်တွင် တင်၍ ပလပ်စတစ် ဖုံးအုပ်ပြီး အရိပ်အောက်တွင် တပတ်ခန့်ထားပါ။အဖြူရောင် မှိုမျင်များ ပြည့်သွားပါလိမ့်မည်။၎င်းကို ရေစိမ်၍ အပင်များအား ဖြန်းပေး နိုင်ပါသည်။ကျန်နေသော အဖတ်များကို အပင်ခြေတွင် အုပ်ပေးနိုင်ပါသည်။
C;သစ်ပင်ကြီးများ အောက်ရှိ သစ်ရွက်ဆွေးပုံ
   အောက်တွင်……
1.ဆန် နို့ဆီ တဗူးအား ခပ်ပြစ်ပြစ်ချက် ခွက်တခုတွင် ထည့်ပြီ အပေါ်မှ သတင်းစာ စက္ကူ ပလပ်စတစ်တို့ ဖုံးအုပ်၍ တပတ်ခန့် ထားပါ။
2.၄င်း ထမင်းနှင့် ဆတူ မုန့်လုပ်ထန်းလျက် ကျိုချက်၍ အအေးခံထားသော ရေကို ပုံးတခုတွင် ထည့်၍ မွေပေးပါ။
ခုနှစ်ရက် ကြာသော အခါ အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
Bio Nutrient.
     အထက်တွင် ဖေါ်ပြခဲ့သော A; B; C; တို့အား စဥ့်အိုး  သို့  ပုံး အတွင်သို့ စုပေါင်း၍ ထည့်ပြီး ဖုံးအုပ်ထားပါ။ သုံးရက် လွန်သော အခါ ပြီးပြည့်စုံသော Bio Nutrient ကို ရရှိပြီဖြစ်ပါသည်။
  Bio nutrient ကို မိမိတို့ လိုအပ်သလို မြေဆွေးပြုလုပ်ရာ တွင် ထည့်သွင်း အသုံးပြု ခြင်း  ရေဖြင့် သင့်တော်သလို ရောစပ်ဖြန်းပေး ခြင်း နှင့် အပင်အတွက် လိုအပ်သော အခြား ကိစ္စ များတွင်လည်း စဉ်းစား၍ အသုံးပြုခြင်းဖြင့် အကျိုးကျေးဇူး များစွာ ရရှိနိုင်ပါသည်။
             ဦးတင်မိုးနိုင် ( Oo Yin Taw )Pools & Garden Landscaping Group.
           Tue; (30-9-2004).
Tuesday, September 9, 2014
Weeping Willow Trees
Weeping Willow Tree ( မိုးမခပင် )
This tree can make Organic Root Stimulator ( ORS ).
ဦးတင်မိုးနိုင် ( Oo Yin Taw ,pools & garden landscaping group.)
9.9.2014
Tue; 5:25
Sunday, September 7, 2014
Organic Root Stimulator
Root Hormone ( or ) Acids .
အမြစ်ထွက် စေသော ဟော်မုန်းများ။
၁။Salicylic acid (protect infection)
၂။Indolebutric acid (IBA)
၃။Indoleacetic acid (IAA)
၎။Napthalacetic acid (NAA)
 **  Auxins  ( လွယ်ကူစွာ အမြစ်ထွက်စေရန် ကူညီ )
      *လက်ရှိဈေးကွက်တွင် ဖြန့်ဖြူး ရောင်ချနေသော B1, root stimulants, plant tonic , စသည်တို့တွင် phosphorous နှင့် အခြား ဓါတ်မြေသြဇာ များ ပါဝင်နေတတ်သည်။ထို ဆေးများကို အသုံးပြုဖြန် များလာသောအခါ မလိုလား အပ်သော ဆိုးကျိုးများ ဖြစ်ပေါ်တတ်ပါသည်။ ယခု ရေးသားမည့် Organic root stimulator ( ROS )သည် မိမိကိုယ်တိုင် ပြုလုပ်သုံးစွဲ နိုင်သည့် လွယ်ကူသော နည်းလမ်း ဖြစ်ပါသည်။
Weeping Willow Tree ( မိုးမခပင် )
         * နေရာဒေသ မရွေး ပေါက်ရောက်ရှင်သန် နိုင်သော အပင်ဖြစ်ပါသည်။ ၄င်း မိုးမခပင် မှ ကိုင်းကို ဖြတ်ယူ၍ စွတ်စိုနေသော မြေတွငိထိုးထားပါက ရက်အနည်းငယ် အတွင်းအမြစ် ထွက်လာသည်ကို တွေ့ရပါမည်။ မိုးမခပင် (Willow tree) တွင်ပါဝင်သော……
1.Salicylic acid သည် ဖြတ်တောက်ခံရ
   သော ဒဏ်ရာ (အမြစ်)ကို သက်သာစေ
   သည်။
2.Indolebutric acid ( IBA )သည် အမြစ်
   လျင်မြန်စွာ ထွက်လာစေရန် လှုံ့ဆော်ပေး
   သည်။
3.Auxins သည် လွယ်ကူစွာ အမြစ်ထွက်
   လာစေရန် ကူညီပေးပါသည်။
*****Auxins  သည် မြက်များကို သေစေသည်။
ပြုလုပ်ပုံ
        တနှစ်သား အထက်ရှိ ကျမ်းမာသန်စွမ်း
သော မိုးမခပင် ( Willow )မှ ကိုင်းကိုဖြတ်ယူ
ပါ။အပင်၏ မည်သည့် အစိတ်အပိုင်းမှ မဆို ဖြတ်ယူနိုင်ပါသည်။ဖြတ်ယူထားသော ကိုင်း  အရွက် များကို ကတ်ကြေး သို့  ဓါးဖြင့်စဉ်းပါ။ ရေတဂါလံ လျင် စဉ်းထာသော မိုးမခ တစ်ကီလို မှ  နှစ်ကီလို ထိထည့်၍ ပုံးတခုတွင် ထည့်၍ စိမ်ထားပါ။ ၂၄ နာရီမှ ၄၈ နာရီထိ စိမ်ထားနိုင်ပါသည်။ ထို့ထက်ပို၍
အချိန်ကြာကြာ မစိမ်သင့်ပါ။အရွက်နှင့် အခေါက်များ ပုတ်၍ ပျက်စီးတတ်ပါသည်။
***** ထိုရေထဲသို့  Auxins နှင့် IBA ,  Salicylic acid  တို့ ပျော်ဝင်သွားပါမည်။ ပိတ်စိမ်းပါး သို့ ဇကာ ဖြင့် ရေကိုစစ်ယူပါ။
***** ထိုရေသည် ကျနော်တို့ ပြုလုပ်လိုက်သော Organic root stimulator ( ROS ) ဖြစ်ပါသည်။ရေနွေး ဖြင့်လည်း ပြုလုပ်နိုင်ပါသည်။
ထားသို သိမ်းဆည်းခြင်း
ချက်ချင်း အသုံးပြုရန် မရှိပါက သန့်ရှင်းသော ဗူး ပုလင်း ခွက် စသည်တို့တွင် ထည့်၍ ရေခဲ သေတ္တာ အတွင်း၌ သိမ်းထားနိုင် ပါသည်။ လိုအပ်သော အခါ ထုပ်ယူ သုံးစွဲနိုင်ပါသည်။
                ဦးတင်မိုးနိုင် ( Pools & Garden Landscaping Group.)
               8.9.2014.
               Mon.1:30.
Friday, September 5, 2014
Bio Fertilizer ( 2 )
ယခုရေးသား မည့် Bio fertilizer ပြုလုပ်နည်းသည် ဂျပန်နိုင်ငံမှ ပညာရှင်တို့ ဖေါ်ထုတ် သုံးစွဲ ဖြန့်ဝေသော နည်းဖြစ်ပါသည်။
  ဒိုချက်ကင်း မြေသြဇာ  ဟုခေါ်ပါသည်။
EM နှင့် IM .
EM ကို အထူးဂရုပြု မွေးမြူခဲ့ကြသည်။သဘာဝ မြေသြဇာများတွင် ထည့်သွင်း၍ ၄င်းတို့ ကွန်းခိုရာ အဖြစ် ဖန်းတီး အသုံးပြုခဲ့ကြ သည်။လယ်ယာမြေမှ စ၍ စိုက်ပျိုးရေး နယ်ပယ်တခုလုံးတတ် သိသလောက် အသုံးပြုခဲ့ကြသည်။သို့သော်လည်း သဘာဝအလျောက် နေရာမရွေး တည်ရှိနေသော IM များကို မလွမ်းမိုးနိုင်ကြောင်း တွေရှိလာသည်။
ဂျပန်မှ EM ကို မြန်မာပြည်သို့ ယူလာ၍ အသုံးပြုသောအခါ ခဏတာသာ အစွမ်းပြ၍ ရေရည်တွင် ဒေသခံ IM များ၏ လွှမ်းမိုးမှု့ ကို ခံရသည်။ထိုဖြစ်စဉ် အရ ဒေသခံ Microbe များမှ အပင်တို့အား အကျိုးပြုရန် အတွက် ဒေသခံ Microbe များနှင့်သာ ပြုလုပ်ရန် တွေှ့ရှိ လာကြသည်။ဂျပန် ပညာရှင်တို့၏ အဆိုအရ ဝါးတောမြေ မှ Microbe များ သည် အကောင်းဆုံး ဖြစ်သည်။
Microbe များ စတင်မွေးမြူခြင်း
ဝါးရုံအောက်မှ အပေါ်ယံ မြေသား ( Top soil )လေးထောင့် သံပုံး တပုံးယူပါ။ဖွဲနု နှင့် ဆတူရောပါ။ကျိုချက်၍ အအေးခံထားသော မုန့်လုပ် ထန်းလျက် ၂၅ ကျပ်သားဖြင့် ဆွတ်ဖြန်းရောနယ်ပါ။ထန်းလျက်ရည် ထည့်သွင်းမှု့ သည် မစို မခြောက် ဖြစ်နေပါ စေ။လက်ဖြင့်ဆုပ်ပါက ရေတစက်ခြင်းမကျရ။အဝတ်ကို ရေညှစ်ထား သကဲ့သို့ ဖြစ်ရမည်။အရိပ်ကောင်းစွာ ရသောနေရာတွင် တောင်မို့ ပုံသဏ္ဍန်ပြုလုပ်၍ အပေါ်မှ ကောက်ရိုးပါးပါး ဖုံးပါ။ပလပ်စတစ် ဖြင့် ထပ်မံ ဖုံးအုပ်ပါ။အပုံအား မဖိရ  မရိုက်ရ။ကျစ်လစ် သိပ်သည်း အောင် မလုပ်ရပါ။သုံးရက်ပြည့် လျင် မှိုမျှင်ကဲ့သို့သော Microbe များစတင် မြင်တွေ့ရမည်။ငါးရက် သို့ ခြောက်ရက်ပြည့် သောအခါ ပြီးပြည့်စုံသော Microbe များကိုရရှိ ပီဖြစ်ပါသည်။
Bio Fertilizer ပြုလုပ်ပုံ
လိုအပ်သော ပစ္စည်းများ
၁။နွားချေး လှည်းတစီး
၂။စပါးခွံ လှည်းတစီး
၃။ပေါင်းမြက် အစိုများ
၎။ဖွဲပြာ
၅။သစ်ရွက်စိမ်း /ခြောက်များ နှင့် အခြား မိမိနှစ်သက်ရာ မည်သည့် သဘာဝ ပစ္စည်း မဆို ထည့်သွင်း အသုံးပြုနိုင်ပါသည်။
         ဖေါ်ပြပါ ပစ္စည်းများအား အရိပ်အောက်တွင်  လေးလက်မ တလွှာပုံ ထန်းလျက်ရည် ပါးပါးဖြန်း ပြီးလျင် Microbe မွေးထားသော ဝါးရုံအောက်မှ မြေကို လက်ခုပ် နှစ်ခုပ်ခန့် ပါးပါးဖြန့်ပါ။ထိုကဲ့သို့ အလွှာပုံ ထန်းလျက်ရည်ဖြန်း ပိုးမွေးထားသောမြေ ဖြန့်  ဖြင့် အလွှာလိုက် ရင်ဆို့ အမြင့် ငါးပေ ခြောက်ပေခန့် ရောက်သော အခါ တာပေါ်လင် သို့ ပလပ်စတစ် ဖြင့် ဖုံးအုပ်ထားပါ။သုးံ  လေးရက် ကြာသော် အပုံတွင်း လက်ဖြင့်စမ်းကြည့်ပါက အလွန်ပူနေသည်ကို တွေ့ရမည်။ပလပ်စတစ်ကို ဖယ်၍ အပုံအားဖြည်ချပါ။ အပူချိန်လျော့ကျလာမည်။ခြောက်သွေ့၍ ရေလိုအပ်လျင် ပြင်ပမှ ရေကို ဖြည့်စွက်ပေးပါ။ပြန်လည်စုပုံ၍ ဖုံအုပ်ထားပါ။ သုံး လေးရက် နေလျင်ထပ်မံ စမ်းကြည့်ပါ အလွန်ပူနေလျင် ဖြည်ချပါ။ပြန်လည်စုပုံပါ။ထိုကဲ့သို့ ဖြည်ချခြင်ြး ပန်လည်စုပုံခြင်း တို့ကို အပူချိန် လျော့ကျပီး ထည့်သွင်းထားသော ပစ္စည်းများ ဆွေးမြေ့သွား သောအခါ အသုံးပြု၍ ရရှိပီဖြစ်သော Bio Fertilizer ဖြစ်ပါသည်။
                     ဦးတင်မိုးနိုင် (Pools & Garden Landscaping Group).
                  5.9.2014 (Fri)
                   3:15
Tuesday, September 2, 2014
Indoors plants ( potted )
၁။သနပ်ခါးစက် ရွက်လှ
၂။ ဘိုးတော်ဖြူ
Monday, September 1, 2014
Indoors plants ( potted )
၁။သီရိ စန္ဒာ ( အိမ်တွင်း မင်္ဂလာ )
၂။ဝါး မင်းသား ( Bamboo palm )
Indoors plants (potted)
၁။ကျောက်စိမ်း ဧကရီ
၂။ ရွှေ ပလ္လင်
၃။ ဘောဂကြီး
Propagation of plants ( Grafting )
Presentations by photo.
Step ( 1 ).Cut the stem,left 4 or 5in.
Step( 2 ).Carve up to down of stem.
Step( 3 ).Put the Scion.
Step( 5 ).Covered by plastic bag.
Thursday, August 28, 2014
Bio fertilizer (Organic fertilizer )
Bio  Fertilizer ပြုလုပ်ခြင်း ( 1 )
     ယခု ရေးသားမည့် နည်းလမ်းသည် အမေရိကန် အခြေစိုက် စိုက်ပျိုး မွှေးမြူရေး မှ ဖြန့်ဝေသည့် နည်းလမ်းဖြစ်ပါသည်။
Micro-organism  များ စတင်မွှေးမြူခြင်း။
         ဆန် နို့ဆီဗူး တလုံးအား ချက်ပြီး အအေးခံထားပါ။ အေးသွားသော အခါ လင်ဗန်း သို့ ဇကော ထဲတွင် ဌက်ပျောရွက် ခင်း၍ ၄င်းထမင်းအား ထည့်ပြီး ကြွက် ခြင် ယင် များ မဝင်ရောက် နိုင်စေရန် ဖုံးအုပ်ထားပါ။သုံးရက် လွန်သောအခါ လေထုထဲမှ အနုဇီဝရုပ်များ ရောက်ရှိလာပြီး ထမင်းသိုး သွားပါမည်။
ဇီဝ ဖျော်ရည်ပြုလုပ်ခြင်း။
      ရေ ရှစ်ဂါလံဝင် ပုံးထဲသို့
1.ဖွဲနု နှစ်ပြည်
2.ဌက်ပျောသီးမှည့် ခြောက်လုံး
3.ကျိုချက်၍ အအေးခံထားသော မုန့်လုပ်
   ထန်းလျက် ၂၅ ကျပ်သား နှင့်
4.Micrope မွေးထားသော ထမင်းသိုး တို့ကိုထည့်ပါ။ရေဖြည့်ပါ။ဖုံးအုပ်ထားပါ။ နံနက်တကြိမ် ညနေတကြိမ် မွှေပေးပါ။သုံး လေး ရက်လွန်သော် ထိုပုံးထဲရှိ ရေတွင် အနု ဇီဝရုပ်များ (micro organisms)ရှင်သန် ပွားများနေပီ ဖြစ်ပါသည်။
Bio Fertilizer  ပြုလုပ်ခြင်း
       နွားချေး ကြက်ချေး သစ်ရွက် ပေါင်းမြက် စပါးခွံ ( ဆွေးနေသော မည်သည့် သဘာဝ ပစ္စည်း မဆို )စသည် တို့အား အရိပ်ကောင်း သောနေရာတွင် လေးလက်မခန့် တလွှာ ပုံပါ။ ရေပန်းခရားဖြင့် ဇီဝ ဖျော်ရည်အား ဖြန်းပါ။ပြီးလျင် တလွှာထပ်ပုံပါ။ဇီဝ ဖျော်ရည်ုဖြန်းပါ။ထိုကဲ့သို့ အလွှာပုံလိုက် ဖြန်းလိုက်ဖြင့် အမြင့် ငါးပေခန့် ထိ ပြုလုပ်နိုင်ပါသည်။မိမိပြုလုပ် သောမြေသြဇာ ပုံသည် အကျယ်ခြောက်ပေ အမြင့်ငါးပေ ထက် မပိုသင့်ပါ။လေးထောင့် အဝိုင်း နှစ်သက်သလို ပြုလုပ်နိုင်ပါသည်။
ဇီဝ ဖျော်ရည် ဖြန်းရာတွင်နှံ့စပ် စေရန် အလွှာလိုက် အနည်းငယ် မွှေပေးပါ။ဖြန်းထား သော ဇီဝဖျော်ရည် သည် လက်ဖြင့်ဆုပ်ကြည့် ပါက စိုနေသော်လည်း ရေ တစက်ချင်း မကျရပါ။အဝတ် ကို ရေညှစ်ထား သကဲ့သို့ ဖြစ်ရပါမည်။အထက်ပါ အဆင့်များ ပြီးလျင် တာပေါ်လင် သို့ ပလပ်စတစ် ဖြင့် လုံခြုံစွာ ဖုံးအုပ်ထားပါ။ သုံးရက် မြောက်သောနေ့ တွင် အပုံတွင်းသို့ လက်ဖြင့် စမ်းကြည့်ပါက အလွန်ပူနေ သည်ကို တွေရပါမည်။အပုံအား ဖြန့်ပေးပါ။ အပူရှိန် လျော့ကျလာမည်။ပြန်လည်စုပုံ၍ ဖုံးအုပ်ထားပါ။ထိုကဲ့သို့ ဖြန့်ပေးခြင်း ပြန်လည်စုပုံ ဖုံးအုပ်ခြင်း တို့ကို သုံး လေး ကြိမ်ခန့် ပြုလုပ်ပြီး သောအခါ အဆင်သင့် အသုံးပြုနိုင်သော ဇီဝ မြေသြဇာ (Bio Fertilizer ) ကိုရရှိပြီ ဖြစ်ပါသည်။ထို မြေသြဇာကို နှစ်ရှည်ပင်များ တွင် လေးလလျင် တကြိမ်ဖြင့် ထည့်သွင်းပေး နိုင်ပါသည်။
ဇီဝ မြေသြဇာ (Bio Fertilizer) သုံးစွဲခြင်းဖြင့်
1.ပန်းပွင့်ချိန်ကို စောစေခြင်း
2.ပန်းများများ ပွင့်စေခြင်း
3.ပန်းခိုင်သန်မာ၍ အရောင်အသွေး တောက်
   ပခြင်း
4.အသီးတင်မှု့ များခြင်း
5.ရေငတ်သည့် ဒဏ်ကို ခံနိုင်ခြင်း
6.အပင်တွင် ကျရောက်တတ်သော ရောဂါ
   များကို ခံနိုင်ခြင်း
7.ရေများကို ကြည်လင်စေခြင်း
8.သဘာဝ ပတ်ဝန်းကျင် ကို ကောင်းမွန် တိုး
   တက်စေခြင်း
    အထက်ပါ အကျိုးကျေးဇူး များ အပြင် အခြား အကျိုးကျေးဇူး များကိုလဲ ခံစားရရှိ နိုင်ပါသည်။
               ဦးတင်မိုးနိုင်
Wednesday, August 27, 2014
Organic farmimg
Organic farmimg
------------------
Organic ဟု ဆိုလိုက်လျင် ကျနော်တို့ ပတ်ဝန်းကျင် မှစ၍ ကမ္ဘာ္ဘ္ဘကြီး တခုလုံး အလေးထား အာရုံ စိုက်လာနေသော အကြောင်းအရာ ဖြစ်လာနေပါသည်။နယ်ပယ် အသီးသီးတွင် organic ဆိုသော စကားလုံး သည် တွင်ကျယ်လာသည်။ယခုမှတွင်ကျယ်လာ ခြင်းမဟုတ်။ယခင် ကတည်း က ထိုစကားလုံး ရှိပြီးဖြစ်ပါသည်။
သို့သော်လည်း ကျနော်တို့ သတိမမူမိ ကြပါ။
        အဓိက အားဖြင့် စိုက်ပျိုးရေး နယ်ပယ်တွင် ပညာရှင်များ၏ ကြိုးပမ်းအားထုပ်မှု့ ကြောင့် အတိုင်းအတာ တခု အထိ အောင်မြင်နေပြီ ဖြစ်ပါသည်။
ယခု အချိန်ကာလ ကဲ့သို့ ထူးထွေ ဆန်းပြား သော ရောဂါများ ဖြစ်ပေါ်လာချိန် တွင် လူသားတို့ စားသောက်သော အစားအသောက် များသည် အန္တရာယ်ကင်း ရန် ပိုမိုလိုအပ်လာ ပါသည်။အခြေခံ အကြောင်းအရာ ဖြစ်သော စိုက်ပျိုးစားသောက် ကုန်မှ စ၍ စက်မှု့ကုန်ထုပ် လုပ်ငန်းများ အထိ အရေးပါလာ သည်ကို တွေ့ရှိခဲ့ကြ ပါသည်။စိုက်ပျိုးရေး လုပ်ငန်းသုံး ဓါတုဆေး များ ဓါတ်မြေသြဇာ များ၏ ဘေးထွက် ဆိုးကျိုးများသည် လူသားများ အပါအဝင် ကမ္ဘာ္ဘကြီး ပေါ်ရှိ သက်ရှိသက်မဲ့ တို့အား အနှေး နှင့် အမြန် ဖျက်စီးပစ် နေပြီ ဖြစ်ပါသည်။
        ကျနော်တို့ နေထိုင်သော ကမ္ဘာကြီးအား ကျနော်တို့ ကိုယ်တိုင် ဖျက်စီးမိနေ ပါသည်။
       ဖျားနာနေသော ကမ္ဘာကြီးအား စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးသော  ကျနော်တို့လဲ တတ်နိုင်သလောက် ကုစားကြ ဖို့ တာဝန်ရှိနေ ပါသည်။
       စိုက်ပျိုးရေး ဟု ဆိုရာဝယ် လယ်ယာလုပ်သူများ မှစ၍ ပန်းဥယျာဉ်  သစ်ပင် ပန်းမာလ် လုပ်ကိုင်သူများ အဆုံး အပင်ဖြင့် လုပ်ကိုင်သူ အားလုံး ပါဝင်ပါသည်။
      ဆက်လက်ရေးသား မည့်  Post  များတွင် Bio fertilizer ပြုလုပ်ပုံ များကို တင်ပြသွား ပါမည်။
                    ဦးတင်မိုးနိုင်
Saturday, August 16, 2014
Propagation of plants
Budding method (အဖူးမြုတ်ခြင်း)
-----------------------------
          အဖူးမြုတ်ခြင်း  (budding) ကို ဥယျာဉ်လုပ်ကိုင်သူများက  'ဘတ် ' သွင်းခြင်းဟု ပြောဆို ကြပါသည်။  Bud သွင်းရာတွင် ;
         ဓါး  လက်၏တည်ငြိမ် မြန်ဆန်မှု့  ချည်နှောင်သော တိပ်  လက်ခံပင်နှင့် ထည့်သွင်းမည့် အဖူး(bud) တို့၏ ကျမ်းမာစိုပြေမှု့ စသည်တို့သည် အထူးအရေး ကြီးပါသည်။
         အပင်များ အား မျိုးပွားစိုက်ပျိုးရာတွင်
ရာသီဥတု ကိုအမြဲ ချင့်ချိန် မှု့ပြုရန် လိုအပ်ပါသည်။
         Budding နည်းကို နှင်းဆီ  ကြက်မောက်  ရာဘာ  စသည် အပင်များတွင် တွင်ကျယ်စွာ အသုံးပြုကြပါသည်။
T - budding ; I - budding ; စသည်ဖြင့် လည်း အပင်အမျိုး အစားကို မူတည်၍ ထည့်သွင်း ကြပါသည်။
         ယခု နှင်းဆီပန်း budding ကို ရေးသား တင်ပြပါမည်။အခြား အပင်များ သည်လည်း ထိုနည်းတူပင် ပြုလုပ်နိုင်ပါသည်။
         ရှေးဦးစွာ နှင်းဆီ အရိုင်း ( ပန်းမပွင့်ပါ ) ကိုပျိုးထောင် ထားရပါမည်။နှင်းဆီ အရိုင်း
(လက်ခံပင်) ကောင်းစွာ ရှင်သန်လာသောအခါ ၄င်း ပင်စည်၏ မြေပေါ် လေးလက်မခန့် မှ ကိုင်တွယ်ရ လွယ်ကူစေ ရန် ဆူးများကို ခြွေပြစ်ပါ။  လက်ခံပင်၏ ပင်စည် အပေါ်ယံ အခေါက် အလွှာအား ဓါးဖြင့် ကန့်လန့်  လှီးပါ။ပင်စည်ပတ်လည် တဝက်ခန့် လှီးပြီလျင် လှီးရာ၏ အလယ် မှ အောက်ဖက်သို့ ခွဲလိုက်ပါ။
           အင်္ဂလိပ် အက္ခရာ ( T ) တီ ပုံစံ ဖြစ်ပါသည်။ထိုသို့ လှီးပြီးပါက အပေါ်ယ အခေါက် အလွှာအား ဓါးဦးဖြင့် ညင်သာစွာ ခွာလိုက်ပါ။ အတွင်းရှိအသားစ များ မထိခိုက်စေရန်   ဂရုစိုက် ရပါမည်။မိမိမျိုးပွား လိုသော အပင်မှ အဖူး (bud) ကို လည်း အသားစများ မပါအောင် ခွာယူရပါမည်။လက်ခံပင်မှ T ပုံစံ ခွဲထားသော နေရာ သို့ ၄င်း အဖူးအား ထည့်သွင်းပါ။အောက်မှစ၍ တိပ်ဖြင့် စည်းပါ။ အဖူးနေရာအား ချန်လှပ်၍ စည်းရပါမည်။ လုပ်ကိုင်ရာတွင်သပ်ရပ် သေချာ မှု့များများ လိုအပ်ပါသည်။ လက်ခံပင် နှင့် အဖူးတို့၏ ကျမ်းမာသန်စွမ်းမှု့ အပေါ် မူတည်၍ ရက်ပေါင်း ၃၀ သို့ ၄၀ အတွင်းအဖူး အောင်မြင်မှု့ ကို တွေ့ရပါမည်။
           ယခုကဲ့သို့ စာရေးသား တင်ပြရာတွင် စာဖတ်သူများ နားမလည် မှု့များ ရှုပ်ထွေးမှု့များ ရှိနေနိုင်ပါသည်။ရှင်းလင်း လွယ်ကူအောင် မရေးသား နိုင်သော ကျနော်၏ အားနည်းချက်သာ ဖြစ်ပါသည်။
          ဖုန်းဖြင့်ဖြစ်စေ  မေးလ် ပို့၍ ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
              ဦးတင်မိုးနိုင် ( Pools & Gardens landscaping group.)
              09 535 2152.
   plantsscaper200@gmail.com
Wednesday, August 13, 2014
Landscaping architect designs
Landscaping architect designs for  new town.
Propagation of plants
ဒုတိယနည်း (Grafting)
---------------------
      ပထမ ဖေါ်ပြခဲ့သော နည်းဖြင့် ပြုလုပ်၍ မရသော အပင်များကို ယခုနည်းဖြင့် ပြုလုပ်နိုင်ပါသည်။
       ပျိုးပင်ငယ် မွေးမြူပုံမှာ အတူတူပင် ဖြစ်ပါသည်။မိမိပွားယူလိုသော မိခင်ပင်မှ လက်ခံပင်နှင့် လုံးပတ် တူသောသင့်တော်သည့် ကိုင်းကို ရွေးချယ်ရပါမည်။ ပျိုးပင်ငယ် ကို မထမနည်းအတိုင်း ဖြတ်ထုတ်ပြီး  လက်သမားများ အိမ်တိုင်ဆက်သကဲ့သို့ ၃၀ ဒီဂရီ ခန့် စောင်း၍ ချွန်ရပါမည်။မိခင်ပင်မှ သင့်တော်သော ကိုင်းကိုလဲ ဆက်လိုသောနေရာ မှ လှီးထုတ်ရပါမည်။လက်ခံပင်မှ လှီးထားသော အနေအထားနှင့် အံဝင်ဂွင်ကျ ဖြစ်အောင် ပြုလုပ်ရပါမည်။ပျိုးပင်ငယ်ထည့်ထားသော အိတ်ကို ချိတ်ဆွဲ ထောက်ပံ့ပေး ထာရန်လဲ စီစဉ်ထားရ ပါမည်။
         လက်ခံပင်နှင့် မိခင်ပင်မှ ကိုင်းတို့ လှီးထားသော နေရာများ ဂွင်ကျသော အခါ အောက်ဖက်မှ နေ၍ တိပ်ဖြင့် ပတ်ပြီး စည်းနှောင် ထားလိုက်ပါ။ လက်ခံပင်အား မလှုပ်ရှားစေရန် ထိန်းပေးထားပါ။ရက်ပေါင်း ၃၀ ခန့် ကျော်လာသော အခါ ကျီးပေါင်းတက်၍ တဖြေးဖြေး ဆက်မိလာမည်။ ကောင်းစွာ ဆက်မိသော အခါ တိပ်ပတ်ထားသော နေရာ၏ အောက်ဖက်  မိခင်ပင်မှ ကိုင်းကို ဖြတ်လိုက်လျင်  မိမိလိုချင်သော အပင်ကို ရှိပြီ ဖြစ်ပါသည်။
        ကျနော်၏ ရေးသားတင်ပြမှု့ များသည် လုံးဝ ပြီးပြည့်စုံခြင်း မရှိနိုင်ပါ။  သို့သော်လဲ  ဝါသနာရှင် များ အနေဖြင့် အထောက်အကူ များစွာ ဖြစ်မည်ဟု မျော်လင့်မိပါသည်။ တတ်ကျွမ်း နားလည်သူများ ဝင်ရောက် ထောက်ပြ ဆွေးနွေး နိုင်ပါသည်။
        ပညာရပ် တိုင်းသည် လေ့လာသင်ယူ၍ ကုန်ဆုံးသည် ဟူ၍ မရှိပါ။
                ဦးတင်မိုးနိုင် (Pools & Gardens landscaping group.)
Propagation of plants
ကိုင်းဆက်ခြင်း ( Grafting )
-----------------------
          ကိုင်းစီးသော နည်းဖြင့်ပြုလုပ်၍ မရသော အပင်များအား ကိုင်းဆက်ခြင်း ဖြင့် ပြုလုပ်နိုင်ပါသည်။ကိုင်းဆက်ခြင်းဖြင့် ရရှိလာသော အပင်သည် အကြမ်းခံသည်။အစာ ရေ ပြတ်လပ်မှု့ တို့ကို ခံနိုင်သည်။ရောဂါ ကျရောက်မှု့ ကိုလဲ အသင့် အတင့် ခံနိုင်ပါသည်။အပင်သက်တန်း အပြည်အဝ ရှင်သန်နိုင်သည်။ကိုင်းစီ၍ ရယူထားသော အပင်ထက် အစစ အရာရာ သာလွန်ပါသည်။ကိုင်းဆက်ယူခြင်း သည် ကိုင်းစီးခြင်းထက် ပို၍ အချိန်ပေး ရသည်။ အနည်းငယ် ပို၍ ခက်ခဲ ပါသည်။သို့သော် အရည်အသွေး ပြည့်ဝသော အပင်များကို ရရှိစေပါသည်။
             ကိုင်ဆက်ခြင်းပြုလုပ်ရန် အတွက် မိမိပြုလုပ်လိုသော အပင်ငယ်ကို သင့်တော်သော ပျိုးအိတ်ငယ် ဖြင့်ထည့်၍ မွေးထား ရပါမည်။ဥပမာ သရက်ဆက်လိုလျင် သရက်ပင်ငယ်  ပိန္နဲဆက်လိုလျင် ပိန္နဲပင်ငယ် စသည်ဖြင့် ပြုလုပ်ထားရပါမည်။ ထိုကဲ့သို့ လက်ခံပင် ပြုလုပ်ရာတွင် ကျနော်တို့ နိုင်ငံရှိ ဒေသမျိုး (local) များသည် ပိုကောင်းပါသည်။
   ပထမနည်း
------------
     အိတ်ဖြင့်ထည့်ထားသော ပျိုးပင်ငယ် သန်စွမ်းလာသော အခါ ပျိုးပင် အပေါ်ဘက်ပင်စည် လေးလက်မခန့် ချန်၍မှ ဖြတ်ထုတ်လိုက်ပါ ။ ချွန်ထက်သော ဓါးဖြင့် အလယ်တည့်တည့်မှ တလက်မခန့် အနက်ရောက်အောင် ခွဲလိုက်ပါ။ မိမိဆက်ယူ လိုသောကိုင်းကို ခြောက်လက်မ အရှည်ထက် မပိုစေပဲ  ဘေးနှစ်ဘက်ကို လှီးထုပ်လိုက်ပါ။အလျား တလက်မခန့် လှီးရပါမည်။လက်ခံပင်၏ ပင်စည် အရွယ်နှင့် ဆက်ယူလိုသော ကိုင်း၏ လုံပတ်တို့ တူညီနေလျင် ပို၍သင့်တော် ပါသည်။ (အပေါ်ယံအခေါက် ကွာမသွား စေရန် ဂရုစိုက် ကိုင်တွယ်ပါ။ဆက်ယူလိုသည့် ကိုင်းသည် သစ်ရည်ရွှမ်း၍ နုနယ်သော အဖြားပိုင်း ဖြစ်ရန်လိုပါသည်။)
ထိုသို့ ပြုလုပ်ပြီးပါက လက်ခံပင်၏ ခွဲထားသော နေရာထဲသို့ ဘေးနှစ်ဘက် ကောင်းစွာ လှီထားသော ဆက်လိုသည့်ကိုင်းကို ထည့်လိုက်ပါ
ပြီးလျင် ပျော့အိသော ပလပ်စတစ် တိပ်ဖြင့် စည်းပါ။အိမ်မိုးသကဲ့ သို့ အောက်ဖက်မှ စ တင်စည်းနှောင်ပါ။လေလုံသော ပလပ်စတစ် အိတ်ဖြင့် စွတ်၍ ချည်ထားလိုက်ပါ။
Propagation of plants
၃ ။ ကိုင်းစီးခြင်း  ကိုင်းဆက်ခြင်း ( Grafting )
    ---------------------------------
        ကိုင်းစီး ကိုင်းဆက်ခြင်းသည် မိခင်ပင်မကြီး  ( Mother plant ) အတိုင်း ရရှိစေရန် သေချာသော နည်းဖြစ်သည်။
       ကိုင်းစီးခြင်း
    ------------
မာလကာ  သံပုရာ  နှင်းဆီ  စံပယ် ရှားပါးရွက်လှမျိုးများ  နှင့် အခြားအပင် များစွာကို ကိုင်စီး မျိုးပွားနိုင်သည်။
      ဦးစွာ ကိုင်းစီးလိုသည့် အပင်မှ ခဲတံလုံးခန့် ရှိ ကျမ်းမာသော ကိုင်းကို ရွေးချယ်သင့်သည်။ ကိုင်း၏ စီးလိုသော နေရာတွင် ဓါးဖြင့် အပေါ်လွှာကို ရစ်၍ အခေါက်ကို ခွာပြစ်ရမည်။အတွင်းရှိ အသားကိုလည်း ကိုင်းပတ်လည် ခြစ်ထုတ်၍ အစာရေကြော အဖွဲ့ အစည်း ကို အနည်းငယ်ဖြတ်တောက် ထားရမည်။အားဖြင့် တွန်း၍ မခြစ်သင့်ပါ။ကိုင်းနာ၍ ရောဂါ ဝင်ရောက်လာနိုင်သည်။
        အခေါက် အသားတို့အား ခွာထုတ် ခြစ်ထုတ်ပြီးလျင် ကိုင်း၏ခွာထားသော နေရာ အပေါ်ဖက်တွင် ရွှံ့စေးဖြင့် ပတ်လည်ဖုံး အုပ်ရမည်။ပြီးလျင် အသင့်ပြင်ထားသော အုန်းခွံ (သို့) ဂုံနီအိတ်ဖြတ်စ တို့ဖြင့် ပတ်လည်လုံအောင် ဖုံး၍ ပလပ်စတစ် အကြည်ဖြင့် ပတ်ကာ ကြိုးချည်ထား ရမည်။
       ကိုင်းစီးသော အပင်၏ ကျမ်းမာသန်စွမ်းမှု ရာသီ အခြေအနေ တို့တွင်မူတည်၍ အမြစ်ထွက်လာသော အခါ ဖြတ်ယူ စိုက်ပျိးနိုင်ပါသည်။ မိုးရာသီ သည် ကိုင်းစီးရန်အကောင်းဆုံး ဖြစ်ပါသည်။
      ဆက်လက် ရေးသားပါမည်။
Propagation of plants
'၂။Cutting (ကိုင်းဖြတ် မျိုးပွားခြင်း)
    ===================
         မိရိုးဖလာ ကျွမ်းကျင်နားလည်မှု ရှိထားသော မျိုးပွားနည်း ဖြစ်ပါသည်။သို့သော်လည်း နည်းစနစ် မှန်စွာ အသုံးပြု ပါက စီးပွားဖြစ် လုပ်ကိုင် နိုင်သည်။
        ရှေးဦးစွာ မိမိဖြတ်ယူ မျိုးပွားလိုသော အပင်ကို လေ့လာမည်။အပင်၏ အရွယ်အစား ကြံ့ခိုင်မှု့ အခက်အလက်  ကိုင်းများ၏ အနုအရင့် စသည်တို့ကို ခြုံငုံ ကြည့်ရပါမည်။ရာသီဥတု ကိုလည် သတိထားရန် လိုပါမည်။
         ကိုင်းဖြတ်မျိုးပွား ရာတွင် အထူးသတိပြုရန်မှာ  ကိုင်း၏ မည်သည့် နေရာမှ အမြစ်လျင်မြန်စွာ ထွက်လာနိုင်သနည်း ဆိုသည့်အချက်ပင် ဖြစ်ပါသည်။အပင်တို့၏ သဘာဝ အရ '  ရွက်ညှာ 'တနည်းဆိုလျင်  အဖူး အညွန့် ထွက်သောနေရာ ။ထိုနေရာတွင်  ဌင်းတို့၏ ဗီဇ ဆဲလ် များစွာ သိမ်းစည်းထားလေသည်။
ထိုနေရာမှပင် အဖူး အညွန့် အတက် အလက် အမြစ် စသည်တို့ကို လျင်မြန်စွာ ပေးသည်။
             ဥပမာ အနေဖြင့် 'ဝါး ' ပင်ကို ကြည့်လျင် လွယ်ကူစွာ သိနိုင်ပါသည်။  'ဝါး ' ပင်သည် အဆစ်မှ အမြစ်ထွက်သည်။ဌင်း၏ သားတက် ခေါ် မြစ်ဆို့ ကိုလဲ အဆစ်ရှိ  ( bud ) အဖူးမှ ပေးသည်။တဆစ်နှင့် တဆစ် အကြားရှိ နေရာမှာ ပြောင်ချောချော ပင်စည်သာ ဖြစ်သည်။
        အခြား အပင်အုပ်စုများသည်လည်း ထိုသဘာဝ အတိုင်းသာ ဖြစ်ပါသည်။
        ထိုသဘာဝ အရ ကျနော်တို့ ဖြတ်ယူမျိုး ပွား သောအခါ အဆစ် ( Bud ) ကို ဦးစားပေး ဖြတ်ယူရမည် ဖြစ်ပါသည်။
        ယခု လက်ရှိ  မျိုးထုပ်လုပ် ရောင်းချသူများ သည် အဆစ်ကို ဦးစားပေး ဖြတ်ယူပီး ပလပ်စတစ် အကြည်ဖြင့် လေလုံစွာ ဖုံးအုပ်၍ အမြစ်ဖေါက် ယူကြပါသည်။
         အပင်များ၏ မျိုးပွားနည်းများ ကို နားလည်တတ်ကျွမ်း ထားသလောက် ဆက်လက် ဖေါ်ပြပေး သွားပါမည်။
        ဦးတင်မိုးနိုင်  (  Pools & Garden landscaping group )
Propagation of plants
(Seedling & Cutting method.(သစ်စေ့များ အား ပျိုးထောင် ယူခြင်းနှင့် ကိုင်းဖြတ် မျိုးပွားခြင်း ။
                 ၁။သစ်စေ့များ အား ပျိုးထောင်ယူခြင်း ကို လူတော်တော် များများ နားလည် သိရှိပြီး ဖြစ်ပါသည်။ သို့သော်လည်း ကျနော်တို့ အထူးမေ့နေကြသည် မှာ  သူတို့၏ နားနေချိန် ပင် ဖြစ်လေသည်။
           ပုံမှန် စိုက်ပျိုး စားသောက် ရသော ဟင်းသီး ဟင်းရွက်မျိုးစေ့ များတွင် နားနေချိန်  မရှိသလောက် နည်းသော်လည်း အချို့ အပင်များတွင် ရှိတတ်သည်။
          အထူးသဖြင့် ဘုံမြင့်သော အလှစိုက်  (Landscaping  ) တွင် အသုံး များ သော အပင်များ တွင် ရှိတတ်သည်။ ဥပမာ တော်ဝင်အုန်း (Royal palm ) အုန်းပွား ခေါ် ကြိမ်ထန်း ( Yellow cane palm ) သစ်မွှေး  (Aggar wood) နှင့် အခြား အဖိုးတန် အပင်တော်တော် များများ တွင် အစေ့တွင်း နားနေချိန် ရှိသည်။
         ထိုကဲ့ သို့ မဖြစ်စေရန်  မိမိလိုအပ်သော အစေ့အား ရင့်မှည့်လျင် ခူးဆွတ်၍  ချက်ချင်း ပျိုးထောင်သင့်ပါသည်။ထိုသစ်စေ့ များတွင် အပေါ်ယံ အခွံအား အမြန် ဖယ်ရှားပစ်ရန် ခူးဆွတ် ပြီးသည်နှင့် လေလုံသော ပလပ်စတစ် အိတ်ဖြင့် ထုပ်ထားပြီး သုံး လေး ရက်ခန့်ကြာသော အခါ အပေါ်ယံ အခွံများ 'ယိ' လာသော အခါ ဇကာဖြင့် တိုက်ချပါ။ လက်အိတ် သုံးပါ။ ယားတတ် သည်။ပြီးလျင် အဝ ကျယ်၍ ဇောက်တိမ်သော ပန်းအိုးထဲတွင် သဲ  သီးသန့် ထည့်၍ အစေ့ များ ညီညာစွာ ဖြန့်ခင်းပါ။ အပေါ်မှ အစေ့တဝက် ခန့်မြုတ်ရုံ သဲထပ်ဖြည့်ပါ။အရိတ်အောက်တွင် ထားပါ။ရေပုံမှန် လောင်းပါ။အညှောက် အစို့ ကလေးများ ထွက်လာချိန်သည် ရာသီ ဥတု ပေါ်တွင် လဲ မူတည်ပါသည်။ပန်းအိုး ထဲတွင် ပျိုးရခြင်းမှာ  အပင်ကလေးများ ပေါက်လာသောအခါ  လိုအပ်သော နေရောင်ခြည် ပြပေးခြင်း အရိတ် တွင်းသို့ ပြန်လည်ထဲ့ သွင်းခြင်း  တို့ကို လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။
      အထက်ပါ နည်းလမ်းမှာ အခွံပါသော အုန်းမျိုးနွယ်ဝင်  (palm trees) များတွင် အသုံးပြုနိုင်ပါသည်။
Thursday, August 7, 2014
Command for burial.
Plants scaper,commanding his men.Ask them , what he want the position of  tree.And how to burial.
Wednesday, August 6, 2014
Fox tail palm tree
Bringing the fox tail (မြေခွေးမြီး)
to planting in flower box.
Painted
စိန်ပန်းကြီး (Flame trees).
We used paint.After chopping or cutting the  wound of trees.
Monday, August 4, 2014
Landscape architect.
Landscape Architect design of the new town.
ရေတမာပင်ကြီး အားပြောင်းရွှေ့ စိုက်ပျိုးခြင်း
Height = 15ft
Diameter =10in
Place  = Nay Pyi Taw(CB Bank)Head office.
ရည်ရွယ်ချက်
ကျနော်ဟာ Landscaping နှင့် Gardening လုက်ငန်းများ လုပ်ကိုင်နေသူ တဦးဖြစ်ပါတယ်။ကျနော် လေ့လာမိသလောက် တတ်သိနားလည် သလောက် ဥယျာဉ်ခြံ လုပ်ငန်း မြေယာရှု့ခင်းလုပ်ငန်း များအားကျနော်၏ ကိုယ်ပိုင် အတွေ့ အကြုံများ ဖြစ်တတ်သော သဘော သဘာဝ များအား တင်ပြသွားမှာ ဖြစ်ပါတယ်။ရေးသား တင်ပြရာ တွင် သာမန် ဝါသနာရှင်များ နားလည်နိုင်စေရန် အဓိကထား ရေးသားတင်ပြသွား မည်ဖြစ်ပါသည်။ကျနော် ကိုယ်တိုင် ပညာရှင် မဟုတ်သည့် အတွက် ပညာရပ်ဆိုင်ရာ အသူံးအနုံး များအား အတတ်နိုင်ဆုံး ရှောင် သွားပါမယ်။
               ထိုကဲ့သို့ ရေးသားရာတွင် အမှားအယွင်းများ ရှိပါက ဝင်ရောက် ဆွေးနွေး ပြုပြင်ပေးကြပါ ရန် ပန်ကြားအပ်ပါသည်။
                      ဦးတင်မိုးနိုင်
       (Pools & Garden landscaping group)